မာန်အောင် မီးတောင်ကျွန်းက နဂါးအရိုးစုရဲ့ နောက်ဆက်တွဲ ဂယက် (စိတ်ဝင်စားဖို့တော့ ကောင်းလာပါပြီ)

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တူးဖော်ရရှိခဲ့သည့် နဂါး ကျောက်ဖြစ် ရုပ်ကြွင်းနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က စာတန်း တစ်စောင် ထွက်ပေါ်လာပါတယ်။ အဲဒီစာတမ်းမှာ ဦးမောင်မောင်ရင် (Consultant Geologist) က လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။

အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မီးတောင်ကျွန်း အနီးဝန်းကျင်တွင် တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကြောင်း၊ ကျောက်ဖြစ်ရုပ်ကြွင်း ဦးခေါင်းခွံမှာ မြွေခေါင်းခွံကဲ့သို့ ရှည်မျောမျောတွင် ထူးခြားသည့် ရှည်လျားသည့်ဦးချိုပါနေသည်ကို တွေ့ရှိရကြောင်း၊ ရှားပါးသည့် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ကြောင်း၊ ဦးခေါင်း အရှည်မှာ (၂၂) လက်မ၊ ကျောရိုးဆစ်များ အရှည်မှာ (၇၇) ပေ၊ ဦးခေါင်းရှိ ဦးချိုအရှည်မှာ (၄) လက်မ၊ ဦးချိုအတိုမှာ (၂) လက်မ၊ ကျောရိုးဆစ် အကျယ်မှာ (၅)လက်မရှိပြီး အမြင့်မှာ (၅.၅)လက်မနှင့် နုတ်သီးဖျားထိပ်တွင် (၁) လက်မကျော်ကျော် ဦးချိုငယ်တစ်ခု ပါရှိကြောင်း ၎င်းစာတန်းမှာ ဖော်ပြထားပါတယ်။

တွေ့ရှိရတဲ့ နဂါးရိုး ပုံစံ ကျောက်ဖြစ်ရုပ်ကြွင်းမှာ သလင်းတိုးဝင်နေခြင်းများကို တွေ့ရှိရသောကြောင့် နှစ်သက်တမ်း ၂၅၀၀ ခန့် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

မာန်အောင်မြို့မှာ ဖြစ်တာ မဟုတ်ကြောင်း၊ ဘယ်သူတင်တာလဲ မသိကြောင်း၊ မာန်အောင်မှာ မီးတောင်ကျွန်း ဆိုတာလည်း မရှိကြောင်း၊ ဘယ်သူမှ မသိကြောင်း မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ငြင်းဆို သွားပါတယ်။ ဒေသခံတွေကလည်း မာန်အောင်မှာ မီးတောင်ကျွန်းဆိုတာ မရှိကြောင်း သေချာပေါက် ပြောသွားပါတယ်။

Ashin Vimala ဖေ့ဘုတ် အကောင့်တွင် ရခိုင်ပြည်နယ် မာန်အောင်မြို့ နယ် မီးတောင်ကျွန်း အနီးမှရရှိသည့် ဦးချိုပါရှိသော မီးနဂါးကျောက်ဖြစ် ရုပ်ကြွင်းများကို နာဂလိုဏ်ဂူဘုရားကုန်းမြေမဟာ၌ ပြသထားလျက်ရှိပါသည် အချိန်မှီလာရောက်ကြည့်ရှုလေ့လာနိုင်ပါသည်ဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page