သိန်း ၃၀ ကျော်သွားနိုင်တဲ့ ရွှေဈေးနဲ့ ရွှေဝယ်ထားသင့်သလားဆိုတဲ့မေးခွန်းရဲ့ အဖြေ

ရွှေကဝယ်သင့်သေးလား၊ ရွှေစျေးကတက်အုံးမှာလား အများစုလာမေးကြတာ အတိုချုပ်ပြောရရင် နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ရိုက်ခက်မှုဆိုတော့ ပြောရခက်ပါတယ် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒီလောက်အခြေအနေတွေထိ ဖြစ်လာမယ်ဆိုတာတောင် ဘယ်သူမှ မျှော်လင့်ခဲ့တာမှမဟုတ်တာ ခန့်မှန်းခဲ့တာတွေလည်း အများစုလွဲတာပဲ။

လက်ရှိဖြစ်နေရတဲ့ အဓိက အချက်ပြောရရင် ပြည်သူတွေရဲ့ယုံကြည်မှုပျောက်တာ အဆိုးဆုံးအချက်ပေါ့။ တစ်ရက်ထက် တစ်ရက် မထိန်းနိုင် ပိုဆိုးလာတဲ့အခြေအ​နေပေါ် ယုံကြည်မှု ပိုပိုနည်းလာတယ်။ အဲ့တော့ ရွှေနဲ့ ဒေါ်လာပဲတွန်းဝယ်စုကြတော့ စျေးတက်တယ်။ ဒီနေ့ဝယ် မနက်ဖြန်မြတ်ပီဆိုတော့ ပိုဝယ်ကြကုန်ရော။

ဒေါ်လာကို စျေးသတ်မှတ်ထိန်းချုပ်မှု Export သမားတွေက မကိုက်တော့ မပို့ဘူး။ မပို့တော့ ဒေါ်လာ အဝင်မရှိဘူး။ ပိုဆိုးတာက Export သမားတွေက လုပ်မရတော့ ရှိသမျှငွေ ရွှေ၊ ဒေါ်လာဘက်လှည့်ဝယ်စုကြတော့ နှစ်ထပ်ကွမ်းပိုဆိုးရော။ ရွှေစျေးကို ထိန်းချုပ်မှု ဘယ်ဆိုင်မှစျေးမတင်ရဲတော့ပဲ မှောင်ခိုလို ကြိုက်ရောင်းကြိုက်ဝယ် ထင်သလိုလုပ်နေကြတော့ အခြေအနေ ပိုဆိုးကုန်ရော။ အဲ့တော့ ရွှေစျေးက သိန်း ၃၀ ထိဖြစ်လာနိုင်သလို ကျော်လည်း သွားနိုင်တာပဲ။ ပြန်လည်း ထိုးကျသွားနိုင်တာပဲ။

ရွှေနဲ့ ဒေါ်လာတွေပဲ တွန်းဝယ်နေသမျှ စျေးကတက်နေအုံးမှာပဲ။ ပြည်သူတွေကို မဝယ်ကြပါနဲ့ ဘယ်လိုလုပ်ကြပါလို့ ပြောလို့ရတာမှမဟုတ်တာ။ အားလုံးက ငါ့အတွက် ငါပဲရှိတာဆိုပီး ကိုယ့်အကျိုးအတွက် ကိုယ်လွတ်မြောက်ရေးအတွက်ပဲ ရုန်းကြတော့တာပဲ ဘယ်လိုပဲဖြစ်လာ ဖြစ်လာ နောက်ဆုံးခံရမှာကတော့ ပြည်သူတွေပါပဲ။

ဘာလို့လဲဆိုတော့ ကျုပ်တို့ပြည်သူတွေက အ တယ် တုံးတယ်လေ။ ဘယ်အစိုးရ ဘယ်သူဌေးမှ မခံရဘူး။ ဘာပဲဖြစ်ဖြစ် မနက်မိုးလင်းလို့ ပဲပြုတ်နဲ့ အကြော်ဝယ်ရင်တော့ မြန်မာငွေနဲ့ပဲ ဝယ်နေရအုံးမှာပါ။ အားလုံးက ဖြစ်ပီးရင် ပျက်မှာပဲ။ ဒီနေ့ပြီး မနက်ဖြန် ကသေချာပေါက်ရောက်လာမှာပဲ။ သေရင်အားလုံးထားခဲ့ရမှာပဲ။ အဲ့အမှန်းတရားကိုတွေးပီး လောဘ ဒေါသတွေလျော့လိုက်ရင် အေးချမ်းသွားမယ်။ ကျော်ကြီး(MDY)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page