အခုတမျိုး တော်ကြာတမျိုးနဲ့ ဝေခွဲမရ ဖြစ်နေတဲ့ စကစ ဗဟိုဘဏ်ရဲ့ သွပ်ချာပါဒ ကြေညာချက်များ

နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်ပြုထားခြင်းကို ပြန်လည် ပယ်ဖျက် လိုက်သလို ပြည်တွင်းက နေထိုင်သူတွေ ပြည်ပက ချေးငွေတွေကို ပြန်မဆပ်သေးဘဲ ဆိုင်းငံ့ ထားဖို့ စကစ ဗဟိုဘဏ်က မနေ့က ရက်စွဲတွေနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ကုမ္ပဏီတွေထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့ အထက်ပါရှိတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ပြုခဲ့ တာကို ပြန်လည် ပယ်ဖျက်လိုက်တယ်လို့ ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်တွေကို အကြောင်းကြားထားသလို ပြည်တွင်းမှာ‌ နေထိုင်သူများက ပြည်ပမှ ငွေသားဖြင့် ဖြစ်စေ ၊ ပစ္စည်းဖြင့် ဖြစ်စေ ရယူထားသည့် ပြည်ပချေးငွေ အသီးသီးရဲ့ အတိုးနဲ့အရင်း ပြန်လည် ပေးဆပ်ခြင်း ကို လတ်တလော ကာလတွင် ဆိုင်းငံ့ဆောင်ရွက်ကြဖို့ ညွှန်ကြားချက် ထပ်ထုတ်ပြန်ထားပါ တယ်။

လက်ရှိမှာတော့ ဗဟိုဘက်က အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ပြီး ကန့်သက်လိုက် ပယ်ဖျက် လိုက် လုပ်နေတာဖြစ်ပြီး ပြည်တွင်းမှာ နိုင်ငံခြားငွေ ကန့်သတ်မှုကို အမိန့် ကြော်ငြာ စာအမှတ် ၁၂/ ၂၀၂၂ ထုတ်ပြန် ကန့်သတ်မှုပြုလုပ်ပြီးနောက်ပိုင်းမှာတော့ ပြည်တွင်းရှိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက ဝေဖန်လို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တွေ၊ အထူးစီးပွားရေးဇုန်တွေ၊ နိုင်ငံခြားဘဏ်တွေနဲ့ အထူးစီးပွားရေး ဇုန်ကော်မတီ ကုမ္ပဏီ တွေကို ကင်းလွတ်ခွင့်ပြု ပြန်တာဖြစ်ပြီး အခု တစ်ခေါက်မှာတော့ ကင်းလွတ် ခွင့်ပြု ထားကို အမိန့်ကြော်ငြာစာထုတ်ပြန် ပြန်လည် ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ AD လိုင်စင်ရ ဘဏ်တွေအနေနဲ့မိမိတို့ Customer များဖြစ်တဲ့ ပြည်ပချေးငွေ ရယူသည့် ကုမ္ပဏီအဖွဲ့အစည်းများသို့ ချေးငွေအတိုးနဲ့ အရင်းပြန်လည်ပေးဆပ်ရမည့် အစီအစဉ်အားပြည်ပရှိ ငွေချေးငှားသူများနှင့် ညှိနှိုင်းပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ပါဆိုပြီး ဗဟိုဘဏ် ဥက္ကဌက ညွှန်ကြားထားတာပါ။

ယခုလို ဒေါ်လာပုံသေနှုန်း မူဝါဒကို ပိုမိုတင်းကျပ်လိုက်လို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အားလုံး ထွက်သွားပြီး မြန်မာပြည်ရဲ့ စီးပွားရေး လုံးဝ ပြိုလဲသွားမယ်လို့ စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြပါတယ်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page