ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့ရက်

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့ရက်

အောင်ဆန်း မသာအတွက် ငါတော့ ငွေတမတ် မတတ်နိုင်ဘူး။ ဒီကဗျာတပုဒ်သာ ယူသွားပါ။ သခင်နုကို ပြောနေသော ဆရာကြီး၏မျက်ဝန်းမှာ မျက်ရည်တွေနဲ့… “သြော်… အဆောင်ဆောင်နန်းတွေ ကြဌာန်းတွေနဲ့နှော အခေါင်မမြန်းခင်က အောင်စာတမ်းချို့စေဖို့ အောင်ပန်းညှိုးရရှာတဲ့ တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်း တို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့် သောင်းမြန်မရဏာ စမုတ်မှာတော့ … ချုပ်သနှင့် ယင်းအလိုတွင် ဒေါင်းအလံ ပဝါအုပ်ပါလို့ ကျုပ်ဖြင့်သင်္ဂြိုဟ်ချင်။”

မနေ့ကမှပြန်သွားသော တပည့်ဖြစ်သူ၏ ပုံရိပ်များကို ဆရာကြီး မြင်ယောင်နေမိသည်။ “ဆရာကြီးခင်မျာ…ဆရာကြီး မျှော်မှန်းထားတဲ့ လွတ်လပ်ရေးကို တစ်နှစ်အတွင်းရအောင် ကျွန်တော် ကြိုးစားနေပါတယ် ဆရာကြီး… ဒီအတွင်း ဆရာကြီး ဘာမှမလုပ်ပါနဲ့ဦး”။ ဗိုလ်ချုပ်က… ထိုသို့ပြောလေသော်…ဆရာကြီးက…. “ဟေ့…အောင်ဆန်း မင်းက ဆရာလား ငါက ဆရာလား” ဆရာကြီး၏ ခက်ထန်ထန်စကားကို ကြားလေသော်…. “ဆရာကြီး ဒိပြင်လူ ဘယ်သူ ပြောပြော ကျွန်တော် မထိခိုက်ဘူး။ ဆရာကြီး တစ်ခွန်းပြောရင် ပြောသလို ကျွန်တော် ထိခိုက်ပါတယ်။ ကွျှန်တော် ကတိပေးတဲ့အတိုင်း ဖြစ်မလာရင် ဆရာကြီး လုပ်ချင်တာလုပ်ပါ” ဗိုလ်ချုပ်က….တောင်းပန်လေသောအခါ ဆရာကြီးလဲ..စိတ်ဆိုးပြေသွားပြီး “အေးပါကွာ မင်းပြောသလို ငါ…စောင့်ကြည့်ပါ့မယ်…။

အခုတော့… “သြော်…တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘူးကွဲ့ သတိကင်းကာ မျက်ရည်ကျ ကျပြီး ခက်ကပြီ လက်ဆည်လို့မရနိုင်ဘု သောကဘလောင်ဆူတော့…” ပြည်ထဲရေးဝန်ကြီး၏ အစီအစဉ်ကို လက်မခံခဲ့သော တပည့်ကြီး လူတဘက်သားအပေါ် ယုံကြည်လွန်းသော တပည့်ကြီး “ကျုပ်ကို ပြည်သူက ချစ်ပါတယ်ဗျ” အမြဲပြောနေကျ စကား တစ်ခွန်း… အင်မတန်ရိုးသားသော တပည့်ကြီးရဲ့…ရုပ်ပုံလွှာ…

“ဖြေမကြည် နေရီတော့ လွမ်းစေဖို့ မြန်မာပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့ အစွမ်းကုန် သည်တခါဖြင့် ပြေရွာညီညာဖို့ အလုပ်ပေပါ့ သုဿန်တံခွန် စောင်းရရှားတဲ့ ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့် အလွန်ကောင်းစွာ ကမ ္ဘာတည်မည့် အာဇာနည်ဗိမာန် ပုထိုးကိုဖြင့် ပါရမီအဓိဋ္ဌာန် တမျိုးရယ်နှင့် ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့ မြန်မာမတော့ ပူစရာဖို့…. လူမသမာ အမှောင်သန်းချိန်မို့ သောင်ကမ်းမို့မို့ဆီက ဖောင်နန်း ကူတိုးနှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့… သြော်… တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြဋ္ဌာန်းနဲ့ အခေါင်မမြန်းရခင်က အောင်ပန်းညှို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံနှမြှော။ ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

(Ko Lwin Oo)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page