မြန်မာပြည်မှာ ဆန်မပြတ်ဘဲ ဆန်ဈေးတွေ အဆမတန် တက်လာတဲ့ အဓိကအကြောင်းရင်း တခု
အခု ရက်ပိုင်းအတွင်း မြန်မာပြည်မှာ ဆန်မပြတ်လတ်သေးပဲ ဆန်စျေးတွေက တအိတ် နှစ်သောင်းကျော်လောက် စျေးတက်ကုန်ပါတယ်။ သိရသလောက် လယ်သမား ၁၀၀ မှာ ၁ ယောက် လက်ထဲမှာ ဆန်မရှိတော့ပါ။
အခု ဆန်စျေးကစားနေကြပြီး စျေးတွေ ဆွဲတင်နေကြတာ ကုန်သည်နဲ့ ပွဲစားတွေဖြစ်ပြီး စစ်ကိုင်း၊ မကွေး စစ်ဖြစ်နေလို့ ပေါ်ဆန်း ရှားတာ အကြောင်းပြပြီး ဧရာဝတီ ရခိုင် တဝိုက်ထွက်တဲ့ ဆန်တွေက မရှားပါဘူး။ ရှင်းရှင်းပြောရရင် ဆန်စျေးကို ချုပ်ကိုင်ကစားနေကြတာဟာ လူအများသိတဲ့ ဗိုလ်ချုပ်သားသမီးဆွေမျိုး တစုပါပဲ။
လယ်သမား လက်ထဲ ဆန်မရှိတော့ရင် စျေးဆွဲတင်ပြီး လယ်သမားမှာ စပါးသစ်ထွက်လို့ ဆန်ရှိတဲ့အခါမှာ စျေးဆွဲချပြီး လယ်သမားတွေ အရှုံးပေါ်ပြီး လယ်ပေါင်ရင်း လယ်ဆုံးအောင် တမင် လုပ်တဲ့အကွက်ပါ။
ဆန်ပြတ်လပ်မှု မရှိမှာ မသေချာနိုင်ပါ။ ဘာလို့လဲဆိုတော့ နိုက်ထရိုဂျင် ၅၀ ကီလိုဂရမ် တစ်အိတ် အခုလက်ရှိပေါက်စျေး ၁၃၀၀၀၊ ဒီဇယ် တစ်ပေပါ ၆ သိန်းကျော်၊ ရိတ်ခကလည်း ခန့်မှန်းခြေ ၁ သိန်းပတ်လည်ဖြစ်ဖို့များမယ်။ ကျန်တဲ့စရိတ်တွေတော့ ဆက်မပြောတော့ဘူး။
လက်ရှိလုပ်နေတဲ့ လယ်သမားတွေ အရင်းမရှိတော့ဘူး။ ဖြစ်သလို စပါး ကျဲစိုက်နေကြရတယ်။ ဘယ်လောက်ထိတောင့်ခံနိုင်ဦးမလဲ မသိ။ ဒါတောင် စစ်ဖြစ်တဲ့နေရာတွေ စစ်ဘေးရှောင်နေရတဲ့ နေရာတွေက စပါးလုံးဝ ဒီနှစ် မစိုက်နိုင်တော့တဲ့အခါ ဗိုလ်ချုပ်သားသမီးဆန်ကုန်သည်တွေ လယ်သမားဆီက ဘယ်လောက်ပဲ စျေးနှိမ်ချင်လို့ စျေးချပြီး ဝယ်ဝယ်။ စိုက်စရိတ်ကြီးလာတာရယ် အထွက်နှုန်းလျှော့လာတာရယ်ကြောင့် ၂၀၂၃ နဲ့ ၂၀၂၄ မှာ ဆန်စျေးအကြီးအကျယ်တက်လာမှာပဲ စိုးရတာ။ (Aung Kyaw Oo)