“မြန်မာပြည်ကလူတွေ မညီညွတ်တာကို ကမ္ဘာကတောင် သိနေပြီ”

“မြန်မာပြည်ကလူတွေ မညီညွတ်တာကို ကမ္ဘာကတောင် သိနေပြီ”

တလောက ဘုန်းကြီး ရန်ကုန်သွားတော့ “Mahachulalongkorn University” က ပါမောက္ခအဆင့် နိုင်ငံခြားသား အမျိုးသမီးတစ်ယောက်က ဘုန်းကြီးကို ဘာမေးတုန်းဆိုတော့- “အရှင်ဘုရား မြန်မာပြည်မှာ မြန်မာတွေမညီညွတ်ဘူး”လို့ ကြားတယ်တဲ့

ဘုန်းကြီးက”အေး ဟုတ်တယ်”လို့.. သူက “ဘာကြောင့်လဲ”တဲ့..

ဘုန်းကြီးက “ဘာကြောင့်မှ မဟုတ်ဘူး”လို့ “တို့ လူမျိုးတွေရဲ့ သွေးသားကြောင့်ဖြစ်တာ”လို့ ဖြေလိုက်တယ်.. “မြန်မာလူမျိုးတွေဟာ” “one man show နဲ့ hero တွေချည်းပဲ” လို့ အကုန်လုံး.. “တစ်ကယ့်သူရဲကောင်းတွေပဲ” လို့ မြန်မာပြည်က လူတွေက.. ဘယ်ကိစ္စပဲလုပ်လုပ် one man show တစ်ကိုယ်ကောင်း လုပ်ကြတယ်.. စုပေါင်း လက်တွဲ လုပ်တဲ့အကျင့် အင်မတန်မှ အားနည်းတယ်.. သူ့ထက်ငါသာဖို့အတွက် ကြိုးစားကြတယ် one man show ပေါ့ တစ်ယောက်ထဲ ကောင်းတာကိုပြချင်တယ်.. အဖွဲ့အသင်းနဲ့ အောင်မြင်တာကို မလိုချင်ကြဘူး.. တစ်ယောက်ထဲပဲ လုပ်ချင်ကြတယ်..

“တို့ဆီမှာက hero တွေများတယ်”လို့ အဲဒီလို ဖြေလိုက်တော့ သူက ရယ်နေတယ်..

ဟုတ်တယ် ဒါဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကလည်း ညီညွတ်မှုကို အလေးထားခဲ့တယ်.. မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ထောင်တဲ့အချိန်မှာ နိုင်ငံတော်တံဆိပ်ထဲမှာ ဘာပါသလဲဆိုတော့ “သမဂ္ဂါနံ တပေါ သုခေါ” ဆိုတဲ့ စာတန်းလေးပါတယ်နော်.. အဓိပ္ပါယ်က “ညီညွတ်သူတို့၏အကျင့်ဟာ ချမ်းသာကြောင်းဖြစ်တယ်”တဲ့..

ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီစာတန်းဟာ ပျောက်ပျက်သွားပြီ မရှိတော့ဘူး.. ဒီတော့ တို့ဆီမှာ ညီညွတ်မှုဆိုတာ လိုတာအမှန်ပဲ.. ဒါပေမယ့် လူတွေက “နာနဆန်ဒ နာနက်ခန်တိတာ” “စိတ်ဆန္ဒချင်းဟာ မတူညီကြဘူး” “အတွေးတွေဟာ မတူကြဘူး”.. မတူတဲ့အတွေးတွေကို ပေါင်းစပ်ထားဖို့ရာ အတော်ခက်ခဲပါတယ်.. “one man show” “hero”ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေလို့ကတော့ ပိုပြီးတော့ ခက်ခဲတာပေါ့..

ဒါကြောင့် ညီညွတ်မှဖြစ်မယ်…. (ပါချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page