တာတာစတန် ဆိုတာ တကယ့်နိုင်ငံအစစ်လို့ အခုထိ ထင်နေကြတုန်းလား
တာတာစတန် ဆိုတာ နိုင်ငံလား၊ ပြည်နယ်လား၊ ထိုင်ဝမ်လိုမျိုး ဒေသလား ဆိုတာ လူအတော် များများ မသိကြပါဘူး။ ရုရှားနိုင်ငံဟာ ဖက်ဒရယ် ဒေသ ၈၅ ခုနဲ့ သမ္မတနိုင်ငံ ၂၂ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ရုရှား ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ သမ္မတနိုင်ငံဆိုတာ ရုရှားဖက်ဒရေးရှင်းနိုင်ငံထဲက ရုရှားမဟုတ်တဲ့ လူမျိုးတွေ နေထိုင်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို သတ်မှတ်ထားတာပါ။
အဲဒီသမ္မတနိုင်ငံ ၂၂ ခုမှာ မြန်မာပြည်က လူတွေ သိကြတဲ့ ချေချင်းညှာနဲ့ ခရိုင်းမီးယားတို့လို့ ဒေသတွေ ပါဝင်ပါတယ်။ တာတာစတန်သမ္မတနိုင်ငံဟာ စတုရန်းမိုင် ၂၆၀၀၀ ကျော် ကျယ်ဝန်းပြီး လူဦးရေ ၃.၇ သန်း နေထိုင်ကြပါတယ်။ မြို့တော်က ကာဇန်ဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ယဉ်ကျေးမှုဗဟိုဒေသအဖြစ် တည်ရှိပါတယ်။ သမ္မတနိုင်ငံထဲမှာ တာတာ လူမျိုး ၂ သန်းကျော် နေထိုင်ပြီး ရုရှားလူမျိုး ၁.၅ သန်း နေထိုင်ပါတယ်။
အစ္စလာမ်ကိုးကွယ်သူ ၃၄ ရာခိုင်နှုန်းခန့် ရှိပြီး ရုရှားအော်သိုဒေါ့ခရစ်ယာန် ကိုးကွယ်သူ ၃၁ ရာခိုင်နှုန်း ရှိပါတယ်။ ဒေသရဲ့ အဓိက စီးပွားရေးကတော့ ရေနံထုတ်လုပ်ရေး ဖြစ်ပြီး အကြီးစား စက်မှုလုပ်ငန်းကြီးတွေ ရှိတဲ့ ဒေသ ဖြစ်ပါတယ်။
တာတာစတန်သမ္မတနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတခုမဟုတ်ဘဲ မြန်မာပြည်ရဲ့ နာဂ၊ ဓနု၊ ကိုးကန့်၊ ဝ စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ အလားသဏ္ဌာန် တူတဲ့သဘောမှာ ရှိပါတယ်။ အဲဒါကြောင့် ဘယ်သူ့မှ အရေးလုပ်တာ မခံရတဲ့အတူတူ ရှိတဲ့သူကိုပဲ အရေးလုပ်ဟန်ပြ နေရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားရတဲ့ အခြေအနေပါပဲ။
တာတာစတန်သမ္မတနိုင်ငံ အလံ၊ ပြည်သူတွေနဲ့ နိုင်ငံရဲ့ အထင်ကရ နေရာကို ဖော်ပြ ပေးလိုက်ပါတယ်။