မန္တလေးက အကြိုက်ဆွဲ (၂၀၀) ကျပ်တန် မြန်ကောင်းသက်သာ ထမင်းဆိုင် ရပ်နားလိုက်ရပြီ

မန္တလေးမြို့ ရွှေဘုန်းလူငယ်ပရဟိအသင်းမှ ဖွင့်လှစ်ထားသော တန်ဖိုးနည်း ထမင်းဆိုင်လေးကို ဇန်နဝါရီလ ၅ရက်နေ့မှ စတင်ကာ ရပ်နားပြီဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ တန်ဖိုးနည်းထမင်းဆိုင်ကိုတော့ ၁၂လပိုင်း ၁ရက်နေ့မှစတင်ကာ ပြည်သူတွေအဆင်ပြေစေဖို့ ရည်ရွယ်ကာ ဖွင့်လှစ်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

အမှတ်တရ အနေနဲ့ မြန်ကောင်းသက်သာ ကျပ် (၂၀၀) တန် ထမင်းဆိုင် ဖွင့်တုန်းက အကြောင်းအရာလေးကို ပြန်လည် ဖော်ပြလိုက်ရပါတယ်။

သူများတွေ (၅၀၀) ရောင်းနေချိန် မန္တလေးမြို့က အကြိုက်ဆွဲ (၂၀၀) ကျပ်တန် ထမင်းဆိုင်

မန္တလေးမြို့ရွှေဘုန်းလူငယ် ပရဟိတအသင်း၊ လမ်း ၆၀ – ၆၁ ကြား၊ အမှတ် ၃၇ A လမ်း အကြိုက်ဆွဲ (၂၀၀) ကျပ်တန် ထမင်းဆိုင် ဖြစ်ပါတယ်။

ဒီကနေ့အလှူရှင် ရှိတာကြောင့် အဝစား (၂၀၀) ကျပ်နဲ့ရောင်းချပေးနေပြီး ဒီနေ့အတွက် ဟင်းလျာများကတော့ ငါးကြော်နှပ်ချက်၊ ခရမ်းသီးချက်၊ ငါးခေါင်းသီးစုံဟင်းရည်၊ ငရုပ်သီးစိမ်းထောင်း ဖြစ်ကာ မည်သူမဆို လာရာက်သုံးဆောင်နိုင်ကြောင်း သိရပါတယ်။

မြန်ကောင်းသက်သာ ထမင်းဆိုင်တွေရဲ့ ပင်မဒေါက်တိုင်က အလှူရှင်တွေ ဖြစ်ပါတယ်။ အလှူရှင်တွေ ရှိနေမှသာ အခြေခံလူတန်းစားတွေအတွက် စားရေးသောက်ရေး အဆင်ပြေအောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဝေယျာဝစ္စ ပြုလုပ်ပေးမယ့် လုပ်အားဒါန လူငယ်တွေ ရှိပေမယ့် ငွေကြေး လှူဒါန်းမယ့် စေတနာဇောတိကတွေ မရှိရင် ရေရှည်မှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

အဲဒါကြောင့် တတ်နိုင်တဲ့ စေတနာဇောတိကများ အနေနဲ့ အခြေခံလူတန်းစားတွေအတွက် လှူဒါန်း ပေးပါဦးလို့ ဒီနေရာကနေ အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page