ကားဘက်မှန်တွေ အခိုးမခံရအောင် လုပ်တဲ့ နည်းလမ်းတခု (လွယ်လွယ်လေးပါပဲ)
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်းမှာ ညအိပ်ရပ်ထားတဲ့ အိမ်စီးကားတွေရဲ့ ဘက်မှန်တွေ ခွာယူပြီး အခိုးခံနေရတာ မကြာခဏ ဖြစ်ပေါ်နေကြောင်း ကားပိုင်ရှင်တွေက လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြနေကြပါတယ်။ ကားပိုင်ရှင်တွေခမျာ ကိုယ့်ကားမှန်ကိုယ် ပိုက်ဆံပေး ပြန်ဝယ်နေရတဲ့ ဘဝရောက်နေပြီး စျေးကွက်မှာ ကားဘက်မှန်တွေကို လွတ်လပ်စွာခိုးယူ လွတ်လပ်စွာ ရောင်းဝယ်နေကြတယ်ပါတယ်။
အဆိုပါဖြစ်ရပ်ကို အထိုက်အလျောက် ကာကွယ်ပေးမယ့် နည်းလမ်းတခု ဖော်ပြချင်ပါတယ်။
ကား ဘက်မှန် ခိုးမရအောင် အပေါ်မှာ ကားနံပါတ်ပေါ်အောင် မှန်ကို အမှုံစားပြစ်လိုက်တယ်.. အဲ့ဘက်မှန် ခိုးရောင်းဖို့ အတော်စဉ်းစားရမယ်.. ရောင်းတယ်ပဲထားအုံး ဆိုင်သမားက အော်တို သူခိုးပစ္စည်းရောင်းတာဖြစ်သွားပါပြီ..
အခြားကားပိုင်ရှင်က နံပါတ် မတူပဲ ဘက်မှန်တပ် သုံးထားရင် သူခိုးဆီက ဝယ်ထားသလိုလို ကိုယ်တိုင်ပဲ ခိုးထား သလိုလိုဖြစ်ပြီ (Ye Naing)
တကယ်တော့ သူခိုးပေါလာတယ်ဆိုတာက အရပ်ဖက် အုပ်ချုပ်ရေး ပျက်ယွင်းလာတဲ့ လက္ခဏာပါပဲ။ ကားနဲ့လူတွေ အရမ်းများတဲ့ ရန်ကုန်လို မြို့ကြီးတွေမှာ အရပ်ဖက် အုပ်ချုပ်ရေး ပျက်ပြားလာတာကတော့ ကောင်းမွန်တဲ့အခြေအနေ မဟုတ်ပါဘူး။
ခေတ်ဆိုးခေတ်ကျပ်ကာလကြီးမှာ တဦးအပေါ် တဦး မေတ္တာ၊ စေတနာတွေထားပြီး ဆက်ဆံကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။