အတွေ့ရများလာတဲ့ ပတ်စ်ပို့ အတုများ (နိုင်ငံခြားရောက်မှ ပတ်စ်ပို့အတုကြောင့် ပြန်လာရတဲ့အဖြစ်)

ဒီအခြေနေမှာ မပြောချင်ပါဘူး။ ကိုယ်တိုင်ကြုံလိုက်မှပဲ ယုံရတယ်။ ထီပေါက်တယ် ပြောရမယ်။ ၁၈ ရက်နေ့က ကလေးတယောက် စင်ကာပူတက်လာတယ် IPA နဲ့ ၂ ယောက်လာတယ်။

စင်ကာပူ လေဆိပ်ရောက်တော့ တယောက်ကို ခေါ်ထားတယ်။ ထွက်လာတဲ့ သူပြောတော့ ကိုယ်က အေးဆေးလေ IPA က အစစ်ဆိုတာ ကိုယ်သိနေတော့ ထွက်လာလိမ့်မယ်ပေါ့။ အဲသူကလဲ ကိုယ့်ဖုန်းနံပါတ်ပဲ သိတဲ့သူဆိုတော့ လေဆိပ်က ဖုန်းခေါ်ပြီး ကိုယ့်ဆီ ပြန်ပို့ရမယ်တဲ့။

အကြောင်းပြချက်မေးတော့ ပတ်စ်ပို့ကိစ္စ ပြောတယ်။ ဘာလို့လဲ ထပ်မေးတော့ အဲလောက်ပဲ ပြောနိုင်မယ်ပြောတယ်။ နောက်ဆုံးတော့ သူလေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ရမယ်။ လေဆိပ်ထဲမှာနေခ တနာရီ ၈ ဒေါ်လာ ဆိုတော့ ဘာတတ်နိုင်မလဲ ပေးရတော့မှာပေါ့။

ကိုယ်ကလဲ ရန်ကုန်ရောက်မှ ပေးလို့ရလားဆိုတော့ရတယ်ပြောတယ်။ တွက်တဲ့သူတော်ပုံက အလွန်ဆုံး ၈ သိန်းပေါ့။ သူ့မိသားစုကို ပြောထားလိုက်တယ်။ သူမပေးရင် ကိုယ်ပေးရမှာ ကိုယ်က အာမခံလိုက်တာလေ။ ၁၉ ရက်နေ့ လေယာဉ်နဲ့ ရန်ကုန်ပြန်ရောက်တယ်။ သူတို့က စင်ကာပူဒေါ်လာနဲ့ မဟုတ်ဘဲ အမေရိကန် ဒေါ်လာနဲ့ ကောက်တော့ ၂ ဆ ဖြစ်သွားပြီ။ ကဲ တတ်နိုင်ဘူး ကိုယ်စိုက်လိုက်ရတယ်။

အခုပြောချင်တဲ့ နေရာရောက်ပြီ။ ပတ်စ်ပို့ကို စကန်ဖတ်တော့ ပတ်စ်ပို့က အတုပါတဲ့ရှင်။ လူကို အဖမ်းမခံရအောင် မနည်းလုပ်ယူရတယ်။ ဒီနေ့မှ သေသေချာချာ သူ့ကိုမေးမှ သူက ပွဲစားနဲ့တောင်ကြီးမှာ ပတ်စ်ပို့ လုပ်တာပါတဲ့ရှင်။ (Thandar Thandar)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page