ဈေးဦး မပေါက်လို့ နေ့တိုင်း အိမ်ပြန်နောက်ကျရတဲ့ (၇၄) နှစ်အရွယ် ခိုစာရောင်းတဲ့အဖိုး

ဪ အိမ်အစောကြီး ပြန်ရတဲ့ရက် ရှိဖူးပြီ။ ခိုစာရောင်း အဖိုး – ၇၄နှစ် ရှိပြီတဲ့၊ တဗူး – ၂၀၀ ကျပ်တဲ့၊ အဖိုး စျေးဦးပေါက်ပြီလား မေးကြည့်တော့၊ မပေါက်သေးပါဘူး သားရယ်တဲ့။

ဒါဆို အားလုံး သား ကျွေးလိုက်တော့မယ်နော်။ ဟာ ဒါဆို စျေးဦးလဲ ပေါက် အိမ်လဲ အစောကြီး ပြန်ရတဲ့ ရက်ရှိတာပဲ။ အဖိုး ဘယ်လောက်ကျလဲ မေးကြည့်တော့ (၁)သောင်းပဲ ပေးပါ သားရယ်။

ရော့ အဖိုး ၂၀၀၀၀ သားလေး တရွက် ပိုနေတယ်။ ပိုနေရင်း အဖိုး လိုရာသုံးပါဗျာ။ ဟာ ဝမ်းသာလိုက်တာ ကျေးဇူးတင်ပါတယ် အိမ်အစောကြီး ပေးပြန်တာ၊

ဟုတ် အဖိုး…ဂရုစိုက်ပြန်နော်၊ ဪ အဖိုး ပျော်သွားတာလေး ကြည့်ပြီး ကိုယ်ပါပျော်နေမိပါပြီ။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page