ကာချုပ်နဲ့ ဇနီး လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျ (အိန္ဒိယမှာ ဖြစ်သွားတာပါ)

အိန္ဒိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာလ်ဝပ် လိုက်ပါခဲ့တဲ့ အိန္ဒိယလေတပ်ရဟတ်ယာဥ်ဟာ ဒီနေ့ (ဒီဇင်ဘာ ၈ ရက်) က တမီလ်နာဒူပြည်နယ်အတွင်း ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ဦးစီးချုပ်နဲ့အတူ သူ့ရဲ့ဇနီး မတ်ဟုလီကာ ရာလ်ဝပ် ၊ အခြားဝန်ထမ်းတွေနဲ့ အရာရှိတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီး ရာနာဆင်းက ဒီပျက်ကျမှုနဲ့ပတ်သက်ပြီး အကျဉ်းချုံးသတင်းစာရှင်းလင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ သေဆုံးရုပ်အလောင်း ၄ ခု အထိ ရှာတွေ့ထားပြီး အသက်ရှင်လျက် ၃ ဦးကိုတော့ ဒဏ်ရာရရှိထားကာ အခင်းဖြစ်ပွားရာနေရာကနေ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းရှာဖွေဖို့ အမိန့်ထုတ်ထားပြီး နောက်ဆုံးသတင်းတွေအရ ခရီးသည် ၁၄ ဦး လိုက်ပါခဲ့ပြီး နယ်မြေခံရဲတပ်ဖွဲ့နဲ့ အိန္ဒိယစစ်တပ်တို့ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးယာဉ် ၈ စီးအထိ ရောက်ရှိနေပါတယ်။

ယခုပျက်ကျတဲ့ ရဟတ်ယာဉ်သစ်မှာ လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေမယ့် ရရှိထားတဲ့ဓာတ်ပုံတွေမှာ ခရီးသည်အချို့ ပြင်းထန်တဲ့ဒဏ်ရာရှိထားကြောင်း တွေ့ရှိရပါတယ်။

ဗိုလ်ချုပ်ကြီး ဘီပင်ရာရွက် သည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် အိန္ဒိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page