မလိမ်းဖြစ်သေးတဲ့ သနပ်ခါးတုံးတွေကို တာရှည်ခံ ရနံ့မွှေးအောင် ထိန်းသိမ်းနည်း (တကယ်အသုံးဝင်ပါတယ်)
သနပ်ခါးတောင်သူ ကိုယ်တိုင် ပြောတဲ့ နည်းလမ်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။
သနပ်ခါး ချစ်သူ အမျိုးတို့ရေ ဗဟုသုတလေး တခုလုပ်ရအောင်နော်။
သနပ်ခါးတွေ လိမ်းလို့ မကုန်ခင် ဒီတိုင်း ထားမယ့်အစား ရေဗွှမ်းဗွမ်း ဆူတဲ့ အထဲ ထည့်ပြုတ်ပြီး ခဏအကြာ ပြန်ဆယ်ပြီး ရေအေးနဲ့စိမ်ပြီး ဘရပ်အနုလေးနဲ့ တိုက်ဆေး ရေစစ်ပြီး နေလှမ်းထားလိုက်ပါ။
နေပူနဲ့ ခြောက်အောင်လှမ်းနော်။ သနပ်ခါးနံ့လေး မယုံနိုင်အောင် မွှေးနေတာတွေ့ရမှာပါ။ မှိုလည်း မတက်တော့ဘူးနော် တနှစ်ပတ်လုံး ထားထား ရပြီနော်။
ဗဟုသုတလေးမို့ အမျိုးတွေကို မျှဝေပါတယ်နော် လုပ်ကြည့်လိုက်ပါနော်။
ပန်းတော်ဝင်