မြန်မာပြည်က ထူးဆန်းတဲ့ အလုပ်ခေါ်စာတွေနဲ့ အံ့ဩဖို့ကောင်းတဲ့ လုပ်ခ လစာများ
အလုပ် ခေါ်စာတဲ့ ကြည့်လိုက်ရင် ဘွဲ့ရရမယ် အင်္ဂလိပ်စာ တတ်ရမယ် ကွန်ပျူတာ တတ်ရမယ်၊ လုပ်ငန်းအတွေ့အကြုံရှိရမယ်၊ စကားပြောချိုသာရမယ် အများနဲ့ ဆက်ဆံရေးကောင်းရမယ်. ကြိုးစားလိုစိတ်ရှိရမယ်။
အကျင့်စာရိတ္တကောင်းရမယ် ရုပ်ရည်သင့်တင့်ရမယ် ပြေပြစ်ရမယ် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရမယ်. အလုပ်အပေါ်တာဝန်ကျေပွန်စွာ လုပ်ရမယ်။ ပေးတဲ့လစာက ၁၅၀၀၀၀ / ၁၆၀၀၀၀ ( ဒါတောင် အစမ်းခန့် သုံးလ)သုံးလပြည့်လို့ မကြိုက်ရင် ထုတ်မဲ့သဘော ရှိတယ်
လိုချင်တော့ ဝန်ထမ်းကောင်းလိုချင်တယ်။ ဝန်ထမ်းကောင်း လိုချင်ရင် ကိုယ် ကိုယ်တိုင်က ဝန်ထမ်းကောင်းကို မွေးထုတ်တတ်ရတယ်ဗျ၊ မတတ်ရင် တွဲခေါ်ရမယ်၊ တတ်အောင်သင်ပေးမယ်၊ တော်အောင် လေ့ကျင့်ပေးမယ်လို့မရှိဘူး… နေရာလဲမပေးချင်ဘူး တန်ရာတန်ကြေးလဲမပေးချင်ဘူး..
လိုချင်တော့ အရည်အချင်းပြည့်တဲ့လူမျိုးကိုမှ လိုချင်တယ်. ပေးတဲ့လစာ ၁၆၀၀၀၀ တဲ့ မနက်စာ တနေ့ ၅၀၀ ဖိုးစားရင် တလ၁၅၀၀၀ ပါ (ကော်ဖီ တခွက်တင် ၃၀၀ နော်) ရန်ကုန်ဆို YBS ကားခ တနေ့ ၆၀၀ တပတ်မှာ ၆ ရက်/တလမှာ ၂၄ ရက် ကားခ တလ ကို ၁၄၄၀၀၊
မန္တလေးဆို အလုပ်နဲ့အဆောင် ဆိုင်ကယ်ဆီဖိုး တစ်ရက် ၁၀၀၀ တလမှာ ၂၄ ရက်ဆိုရင် ဆီဖိုး ၂၄၀၀၀ ရှိတယ် ကြားထဲ ဆိုင်ကယ်ပျက်တာ ဘီးပေါက်တာ ဘာညာမပါသေးဘူး နေ့လည်စာနဲ့ ညစာ အနည်းဆုံး တနေ့ ၂၀၀၀ အထက်ရှိတယ် တနေ့ ၂၀၀၀ ဆိုရင်တောင် တလ ၆၀၀၀၀ နော် (ဆေးလိပ် သောက်တဲ့လူ ဆေးလိပ်ဖိုး ကွမ်းဖိုးမပါသေးဘူး) ခုလို ဆေးလိပ်ကွမ်းထည့်ပြောရင် မစားနဲ့ပေါ့လို့ ပြောဦးမယ်။
မသောက်မစားရင်တောင် တွက်ကြည့်ပါ။ ဖြစ်သင့်ရဲ့လားလို့ နယ်ကနေ လာတဲ့ လူတစ်ယောက်အတွက် အဆောင်ငှားနေရင် အဆောင်ခက တလကို ၅၀၀၀၀ / ၆၀၀၀၀ ရှိတယ် အဲ့တာ ၅ ပေ ၁၀ ပေ ပတ်လည်အခန်း ကျောတပြားစာပဲရတယ်။
လကုန်ရင် တစ်ကိုယ်ရည်သုံး ပစ္စည်းဖိုး ဝယ်တာ မပါသေးဘူး.. နယ်ကလူတွေဆို ပိုက်ဆံအိမ်ပြန်ပို့ရသေးတယ်။ နေ့လည်နေ့ခင်း အချိုအချဉ်စားတာမပါသေးဘူး။ တခါတလေ ပိတ်ရက်မှာ အပြင်ထွက်ဖို့ သုံးစွဲတာမပါသေးဘူး။
ဒါတွေဟာ ယနေ့ခေတ် ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေပါ။ ဘယ်သူတွေများ ဒီ Plan ကို စတင် အုတ်မြစ်ချခဲ့ကြတာလဲ ပေးတဲ့လစာနဲ့ ခေါ်တုန်းကသက်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ တခြားစီပဲ. (အလုပ်ရှင်တွေနဲ့ သူဌေးကပ်ဖား မန်နေဂျာတွေကိုယ်ချင်းစာတတ်ကြပါစေ)
အဓိကပြောချင်တာကတော့ မန်နေဂျာပဲ နိုင်ငံခြားသားပိုင်ရှင်တစ်ချို့ အလုပ်သမားခ မသိဘူး။ မန်နေဂျာတွေက ဖားပြီး လစာဘယ်လောက်ပေးရင် ရပါတယ် ပေါပါတယ်ဆိုတာမျိုးကပ်ဖားပြီး မြန်မာချင်းချင်း ဖိနှိပ်ပေးနေကြတာ။
ပိုဆိုးတာက အဲလို အလုပ်ရှင်နဲ့ မန်နေဂျာတွေပဲများတော့ မိသားစုအခြေနေရ ငတ်မှာကြောင့် လုပ်စားနေတဲ့သူတွေ ရှိနေပြန်တော့ မင်းမကြိုက်ရင် မလုပ်နဲ့ဆိုပြီး အကြောတွေ တင်းကုန်ရော၊ ကောင်းတဲ့ အလုပ်ရှင် အနည်းစု ရှိပါတယ် ရှားပါးကြပါတယ်…