ပုံမှန် မဟုတ်ဘဲ မိုးရွာသွန်းမယ့် ဒေသတွေကို ပြောပြလိုက်တဲ့ မိုးလေဝသ ပညာရှင်မလေး စုစုစံ
ပုံမှန်မဟုတ်သောမိုး
၂၀၂၂ ဇန်နဝါရီလ ၁၂ရက်နေ့မှ ၁၆ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် ပုံမှန်မဟုတ်တဲ့မိုးတွေရွာနိုင်ပါတယ်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ၁၃ရက်နေ့မှ ၁၅ရက်နေ့အတွင်း မိုးရွာနိုင်ပါတယ်။ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ၂၀၂၂ ဇန်နဝါရီလ ၁၅ရက် ၁၆ရက်နေ့တို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
ဆားလုပ်ငန်းလုပ်ကိုင်နေကြသော ဧရာဝတီတိုင်း လပွတ္တာ၊ မွန်ပြည်နယ် သံဖြူဇရပ်၊ ပင၊ ရေး ဒေသတွေနှင့် တနင်္သာရီတိုင်း ဒေသတွေမှာတော့ မိုးရွာဖွယ်မရှိပါဘူး ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် မိုးရွာဖွယ်မရှိပါဘူး။ (ခန့်မှန်းချိန် ၈-၁-၂၀၂၂ မနက် ၆ နာရီ ၂၅ မိနစ်အချိန်)
Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer)