ငလျင်လှုပ်ခတ်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ မြို့များနဲ့ လှုပ်နိုင်တဲ့ ပြင်းအားများ (သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး)

လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ငလျင်လှုပ်ခတ်မှု ခပ်စိတ်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ အားသိပ်မပြင်းတဲ့ ငလျင် အသေးတွေသာမက အားပြင်းထန်တဲ့ ငလျင်ကြီးတွေပါ လှဒပ်ခတ်လာတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အလယ်တည့်တည့်နီးပါးမှာ ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးကလည်း လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါးက ပဲခူးငလျင် လှုပ်ပြီး နောက်ပိုင်း ငြိမ်သက်နေတာကြောင့် ငလျင်ကြီး တခု ထပ်မံ လှုတ်ခတ်နိုင်တယ်လို့ ပညာရှင်များက ခန့်မှန်း ထားကြပါတယ်။

ယနေ့အချိန်ထိ ငလျင်လှုပ်မယ်ဆိုတာကို မည်သည့် ပညာရှင်များက သေချာပေါက် မခန့်မှန်း နိုင်ကြသေးပါဘူး။ ဒါပေမယ့် သီအိုရီတွေနဲ့ ဖြစ်နိုင်စွမ်းတွေကို ကွန်ပျူတာ ဆောဖ့်ဝဲလ်တွေရဲ့ တွက်ချက်မှုအနဲ့ အတူ အနီးစပ်ဆုံး ကြိုတင်ခန့်မှန်း နိုင်နေကြပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ငလျင်လှုပ်ခတ်နိုင်တဲ့ ဒေသတွေနဲ့ ပြင်းအားတွေကို ဖော်ပြပေးသွားပါမယ်။ မဂ္ဂနီကျု ၆ ပမာဏသည် ငလျင် အလတ် အရွယ်အစား ဖြစ်ပြီး ၇ နှင့်အထက်သည် ငလျင်အကြီးစား စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။ မဂ္ဂနီကျု များလေ ငလျင်အား ပြင်းထန်လေပဲ ဖြစ်ပါတယ်။ ဘယ်အချိန် လှုပ်ခတ်မယ်ဆိုတာ မခန့်မှန်းနိုင်ပေမယ့် လှုပ်နိုင်ချေ များတဲ့ ဒေသတွေကို ဖော်ပြလိုက်ပါတယ်-

မော်လမြိုင်၊ ထားဝယ်၊ မြိတ် (ပြင်းအား မဂ္ဂနီကျု ၆ အထိ လှုပ်ခတ်နိုင်)၊ ချောက်၊ မိတ္ထီလာ၊ ပခုက္ကူ (ပြင်းအား မဂ္ဂနီကျု ၇ အထိ လှုပ်ခတ်နိုင်)၊ မုံရွာ၊ မော်ချီး၊ ပျဉ်းမနား၊ ရမည်းသင်း၊ မကွေး၊ မင်းဘူး၊ လွိုင်ကော်၊ ပုသိမ်၊ ရန်ကုန် (ပြင်းအား မဂ္ဂနီကျု ၈ အထိ လှုပ်ခတ်နိုင်)

မြစ်ကြီးနား၊ ဗန်းမော်၊ မော်လိုက်၊ ကလေးဝ၊ တောင်ကြီး၊ လားရှိုး၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ငူ၊ ပြည်၊ သရက် (ပြင်းအား မဂ္ဂနီကျု ၉ အထိ လှုပ်ခတ်နိုင်)

စစ်ကိုင်း၊ မန္တလေး၊ အမရပူရ၊ ပဲခူး၊ ဖြူး (ပြင်းအား မဂ္ဂနီကျု ၁၀ အထိ အပြင်းဆုံး လှုပ်ခတ်နိုင်)၊ အထက်ပါ ဒေသနဲ့ မြို့များရှိ ပြည်သူများအနေနဲ့ ငလျင်အန္တရာယ်ကို အသိ သတိထားပြီး အမြဲမပြတ် ကြိုတင် ပြင်ဆင်ရန် လိုအပ်ပါတယ်။ ငလျင် မလှုပ်မီ ပြသတတ်တဲ့ လက္ခဏာများကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူးဆိုတဲ့ စကားလေးနဲ့ ကြိုတင် အသိပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page