ဂျပန်ကမ်းခြေမှာ ရုတ်တရက် အအေးလှိုင်းဖြတ်မှုကြောင့် ပင်လယ်ထဲကငါးများ အေးခဲသွားတဲ့ အဖြစ်
ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး ကမ်းခြေမှာ ဇန်နဝါရီလ ၂၂- ၂၃ ရက်နေ့တို့တွင် အအေးဓါတ်လွန်ကဲပြီး ရေအေးခဲမှုကြောင့် ဆာဒင်းငါးမြောက်များစွာ သေဆုံးကုန်ပါတယ်။
အနီးအနားကလူတွေ ငါးတွေလာကောက်နေကြခြင်း ဖြစ်ပါတယ်။ အဆိုပါငါးတွေဟာ ပင်လယ်ထဲမှာ အအေးဓါတ် ရေခဲအမှတ်အောက် ၆ ဒီဂရီ စင်တီဂရိတ် အထိသာအသက်ရှင်နေနိုင်ကြပါတယ်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ရုတ်တရက် ပင်လယ်ရေအေးများ ရောက်ရှိလာပြီး အပူချိန် ထိုးကျသွားတာကြောင့် ငါးအုပ်လိုက် သေဆုံးမှု ဖြစ်နိုင်တယ်လို့ ကျွမ်းကျင် ပညာရှင်များက ပြောထားပါတယ်။
ဟော့ကိုင်းဒိုး ငါးလုပ်ငန်းကတော့ အခြေအနေတွေ ဘာမှ မသိခင်မှာ အဆိုပါ ဆားဒင်းငါးတွေကို မစားသင့်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေကတော့ ယခုလို ဖြစ်ရပ်မျိုး ၃ ၄ နှစ်တကြိမ် ကြုံဖူးကြောင်း၊ အပူချိန် ကျဆင်းမှုကြောင့် ဖြစ်ကြောင်း၊ သဘာဝ ရေခဲသေတ္တာလို ဖြစ်နေတာကြောင့် အဆိုပါ ငါးများကို စားသောက်လို့ ရကြောင်း ပြောသွားပါတယ်။
သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် အအေးလှိုင်းဖြတ်ပြီး ရာသီဥတု ရုတ်တရက် ပြောင်းလဲကာ တိရစ္ဆာန်များ သေဆုံးခြင်း ဖြစ်နိုင်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ခန့်မှန်း ပြောကြားနေပါတယ်။