တတိယကမ္ဘာစစ်ဖြစ်ပြီး နျူကလီးယားစစ်ပွဲဖြစ်ရင်တောင် ရှင်ကျန်နေမယ့် နိုင်ငံတခု
စိုင်းထက်အခု ဘယ်မှမသွားရတဲ့ကာလမှာ စာသင်တော့ အတန်းချိန်မပြီးခင် ကျောင်းသားတွေကို မေးခွန်းတစ်ယောက်တစ်ခုဆီမေးခိုင်းတယ်။ ကျောင်းသားတစ်ယောက်က တတိယကမ္ဘာစစ်ဖြစ်ရင် ဘာတွေဖြစ်သွားမှာလဲမေးတော့ စိုင်းထက်က ဝီအော်လ်ဝယ်လ်ဒိုင်းလို့ ပြန်ဖြေခဲ့တယ်။
အဲဒါမှားတယ်။ အားလုံးမသေဘူး။ နိုင်ငံကြီးက ခေါင်းဆောင်တွေ ပိုးဟပ်တွေနဲ့ ဆွစ်ဇာလန်နိုင်ငံသား အားလုံးဖြစ်တဲ့ လူဦးရေ ၈.၅၄၅သန်း ဟာ အသက်ရှင်ကျန်ခဲ့မှာပါ။
ဆွစ်ဇာလန်ဟာ ကိုယ့်နိုင်ငံက လူတွေအားလုံးအတွက် နျူကလီးယားဗုံးခိုကျင်း အပြည့်အဝလုံလောက်မှုရှိတဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသောနိုင်ငံပါ။ သူ့ရဲ့ နျူကလီးယားရန်က လွတ်အောင်ကာကွယ်နိုင်စွမ်းက ၁၁၄ ရာခိုင်နှုန်းပါ။ သဘောက လူတစ်သန်းရှိရင် တစ်ဆယ့်လေးသိန်းယောက်စာ အပိုလုပ်ထားတာ။ နိုင်ငံထဲကို ပြေးလာသူ နိုင်ငံထဲမှာနေတဲ့ အခြားနိုင်ငံသားတွေအတွက်ပါ လျာထားတဲ့သဘော။
နိုင်ငံရဲ့ဥပဒေအရ ၁၉၇၈ခုနှစ်နောက်ပိုင်းက ဆောက်တဲ့အဆောက်အဦးအတိုင်း ဗုံးခိုကျင်း မပါမဖြစ်ထည့်ဆောက်ရပြီး ၂၀၀၆ ခုနှစ်မှာ ဗုံးခိုကျင်းပေါင်း ၈.၆သန်းရှိပါသတဲ့။
နျူကလီးယားမဟုတ်ဘဲ တခြားလက်နက်နဲ့ လာတိုက်ရင်တောင် ဆွစ်ဇာလန်ရဲ့ ပထဝီမြေမျက်နှာသွင်ပြင်က သူ့ကို ကာကွယ်ထားပြီးသား။ တောင်ဘက်မှာမြင့်မားတဲ့ အဲလ်တောင်တန်း မြောက်ဘက်မှာ ခပ်မြင့်မြင့်တောင်တွေက နယ်စပ်တစ်လျှောက်ကာကွယ်ပေးတာပါ။
တောင်နှစ်ခုကြား အလယ်ပိုင်းမှာလည်း တံတားတွေဘာတွေကိုလည်း လိုအပ်ရင်အလယ်မှာမဆက်ဘဲ ချက်ခြင်းဖြုတ်နိုင်အောင် ဒီဇိုင်းလုပ်ထားတယ်။ စစ်သားအင်အားလည်း နှစ်သိန်းကျော်ရှိပါသတဲ့။
ဆွစ်ဇာလန်ရဲ့ရပ်တည်ချက်က ကြားနေတာပါ။ ဥရောပသမဂ္ဂမှာလည်း မပါဘူး။ နေတိုးထဲလည်းမပါဘူး။ ကုလသမဂ္ဂမှာတောင် ၂၀၀၂ မှ အဖွဲ့ဝင်လိုက်တာပါ။ (တကယ်က ကမ္ဘာ့အေးချမ်းသာယာမှု အရှိဆုံးဖြစ်ပေမယ့် နိုင်ငံတကာဖြစ်ရပ်တွေက သူ့ဆီကိုတော့ အနည်းအများရိုက်ခတ်မှာပဲ။)
နိဂုံးချုပ်ရရင် ဆွစ်ဇာလန်ဟာ လှရုံတင်မကဘူး။ ဘေးရန်လုံခြုစိတ်ချမှုအရှိဆုံးနိုင်ငံပါ။
Wandering SAI HTET