ပုစွန် ချက်စားမယ့်လူတွေ ဂရုပြုရမယ့် အဓိက အချက် (အရမ်း အရေးကြီးပါတယ်)

ပင်လယ်စာ တွေဟာ စားရတာလတ်ဆတ် ပြီး အရသာ ရှိ ပေမယ့် ချက် ပြုတ်ဖို့ အတွက်ဆိုရင် အချိန် ပေးပြီး ဆေး ကြောဖယ်ရှားရတဲ့ အရာတွေ လည်း ရှိ ပါတယ်။

ပုစွန် ဟင်းချက် တော့မယ်ဆို ရင် ပုစွန်ရဲ့အခွံရတာ ကျောခွဲပြီး အညစ်အကြေးထုတ် ပေးရတာ အပြင် အမြီးဖျားကဆူးချွန်လေးကိုလည်း ချိုးပြီး ဖယ်ရှားပေး ရပါတယ်။

ပုစွန်ဟင်းတစ်ခွက် ချက်ဖူးကြတဲ့ အိမ်ရှင်မများ ပုစွန်အမြီးဖျားက ဆူးလေး လက်ကို ဆူးမိတာ၊ ရှမိတာမျိုး ကြုံဖူးကြပါသလား။

လက်ကို ဆူးမိ၊ ရှမိပြီး အခုချိန်ထိ ကျန်းမာရေးကောင်းနေသေးရင်တော့ အလွန်ကံကောင်းနေ သေးတယ်လို့ မှတ်လိုက်ပါတော့ဗျာ။ သို့သော်လည်း နောက်တစ်ခါ ပုစွန်ကိုင်ရင်တော့ သတိထားကြဖို့ ဖော်ပြပါ သတင်းလေးက အကြောင်းရင်းကို ဖော်ပြပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ ဂျန်ဆုစီရင်စု ဂွမ်နမ်မြို့က အသက် ၆၀ နှစ်အရွယ် အမျိုး သမီးကြီးဟာ ဟင်းချက်ဖို့ ပြင်ဆင်နေစဉ်မှာပဲ ပုစွန်ရဲ့ ဖင်ပိုင်းက အမြီးဆူး လက်ကို ပြတ်ရှခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

လက်ကိုပြတ်ရှခဲ့တဲ့ ပထမရက်မှာ ခပ်မြက်မြက်လေးသာ ခံစားနေခဲ့ရပါတယ်။ ဒုတိယရက်မှာတော့ လက်ဟာ ရောင်ကိုင်းစ ပြုလာပါတယ်။

ဒါပေမယ့်လည်း မကြာခင်ပျောက်သွားမှာပါဆိုပြီး ဒီတိုင်းပဲထားလိုက်ပါတယ်။ တတိယရက် မှာတော့ အပြင်းဖျားလာတဲ့အတွက် မိသားစုက ဆေးရုံတင်ပို့ခဲ့ကြပါတယ်၊

ဆေးရုံမှာ ဆရာဝန်က စစ်ဆေးမှုများ ပြု လုပ်ပြီးနောက်မှာတော့ သူမရဲ့ အတွင်းကလီစာတွေအ ားလုံး တဖြည်းဖြည်းပျက်စီး လာနေတာကို တွေ့ ခဲ့ရပါတယ်။ ဆရာဝန်တွေက ကြိုးစားပြီး ကုသပေမယ့် ဆယ်ရက်အကြာမှာ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဆရာဝန် တွေက မေးခိုင်ပိုးဝင်တယ်လို့ သံသယရှိပြီး ဒီပိုးဟာ လူကိုအချိန်တိုအတွင်း သေ အောင် တိုက် ခိုက်နိုင်တဲ့အထိ ပြင်းထန်တယ်လို့ဆိုပါတယ်။

ဒီလိုဘက်တီးရီးယားတွေကို ရေသတ္တဝါတွေနဲ့ သက် ဆိုင်တဲ့ အရာတွေမှာ အများဆုံးတွေ့ရတတ်ပြီး ပင်လယ်စာတွေကို ကျက်အောင် ချက်ပြုတ်မစားတာ မျိုး၊ လူ နဲ့ထိ ခိုက်မိပြီး ပြတ်ရှခံရတာတွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက် ပျံ့နှံ့ပြီး တိုက်ခိုက် တတ်တယ်လို့ ဆိုပါတယ်။

ဒီလိုပိုး ဝင်ခံရသူ အများစုဟာ ၄၈ နာရီအတွင်း သေဆုံးတတ်ကြောင်း သိရှိရပါတယ်။ အဲဒါကြောင့် အိမ်ရှင်မများအနေနဲ့ ပင်လယ်စာတွေကို မချက်ပြုတ်ခင် ဆေးကြော သန့်ရှင်းရေးလုပ်စဉ်မှာ လက်အိတ်နဲ့ သေသေချာချာ ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။

ပင်လယ်စာတွေကို အစိမ်းစားတာမျိုးထက် ချက်ပြုတ်ပြီး စားသင့်တာမျိုးကို ပြုလုပ်သင့်ကြောင်း အကြံပေးလိုက်ပါရစေ ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page