အသက် (၉၀) ကျော် အမေကို မုန့်လေးတွေရောင်းပြီး ရှာကျွေးနေတဲ့ (၆၅) နှစ်အရွယ် အဘွား
စျေးဦးမပေါက်သေးတော့…ဒီနေ့ အမေ့ကို မုန့်မကျွေးနိုင်တော့ဘူး ထင်တာ
အဖွား အသက် (၆၅)နှစ်၊ အဖွားက အသက် (၉၀)ကျော် အမေနှင့် အတူ နေပါတယ်တဲ့၊ အဖွားရဲ့ အမေက ထမင်းမစားဘူးတဲ့…မုန့်တွေပဲ စားတယ်တဲ့၊
အဖွားရေ…ဘာတွေ ရောင်းတုန်း၊ ဟမ်…အေး အေး သားလေး လာပါ အားပေးပါအုံး (အဖွား အိပ်ငိုက်နေတာ) ဒီနေ့ မေမြို့က ဒိန်ချဉ်လေးတွေ ရှိတယ် အရမ်းကောင်းတယ် သား…တဗူး သောက်ကြည့် ကောင်းမှ ဝယ်ပါ သားရယ်
ဘယ်နှဗူးရှိလဲ အဖွား ? တဗူး ဘယ်လောက်လဲ အဖွား၊ (၄)ဗူးရှိတယ်သား…တဗူး ၁ထောင်ပါ သားရယ်၊ ဟုတ် အဖွား အကုန် ထည့်လိုက်နော်…သား အကုန် ယူမယ်။ ဟာ…ဝမ်းသာလိုက်တာ…စျေးဦးမပေါက်တော့…အမေ့ မုန့်ဖိုး မရတော့ဘူး ထင်တာ။ သားက အကုန် အားပေးတော့…အမေ့တွက် အိမ်ပြန် မုန့်ဝယ်သွားလို့ရပြီ။
အဖွားရေ…ဘယ်လောက်ကျလဲ…သား ယူထားတာလေးတွေ၊ ၇၀၀၀ ကျပ် ပါ သားရယ်…အမေ့တွက် မုန့်ဖိုးလေးပဲ ရရင် အဖွား ကျေနပ်ပါပြီ။ အမေက တနေ့ကို လေး ငါး ထောင်ဖိုး စားတာ…ထမင်းမစားပဲ မုန့်ပဲစားတာ၊ အဖွား…စျေးဦးမပေါက်တော့…အိပ်တောင် ငိုက်နေတာ…ခု သား လာပြီ အကုန် ဝယ်တာ အရမ်းကျေးဇူးတင်တယ်။
အဖွား ရော့… ၆၀၀၀၀ ကျပ်၊ ဟမ် သား ပိုက်ဆံတွေ အများကြီးပဲနော်… ဟုတ်တယ် အဖွား… ပိုနေတဲ့ ပိုက်ဆံတွေ ဖွားဖွားကြီး စားချင်တာ အကုန် ဝယ်ကျွေးလိုက်ပါနော်။
ဟာ…အဖွား အရမ်းပျော်တာပဲ(မျက်ရည်တွေနဲ့ ငိုနေရှာတယ်)…ဒီနေ့ အမေ့ကို မုန့် မကျွေးနိုင်တော့ဘူး ထင်တာ၊ သားရယ် အဖွား အရမ်းပျော်တာပဲ…သားလေး ကျန်းမာချမ်းသာပါစေ(ဆုတွေ ပေးရှာတယ်)
ဟုတ် အဖွား…အဖွားလဲ သိမ်းပြီ ဂရုစိုက်ပြန်ပါနော် (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…အဖွားက အမေကို ချစ်တာ တကယ် အတုယူသင့်တယ်…မိဘဆိုတာ လက်ရှိမှာ သက်ရှိ ဘုရားကို ပြုစုခွင့်ရတာပါ။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ