ရန်ကုန်မြို့တွင် မိန်းကလေးငယ်များ ထူးဆန်းစွာ ဆက်တိုက် ပျောက်ဆုံးနေ (တို့ဆေးတွေ ပြန်လာပြီလား)

ယနေ့ လူမှုကွန်ယက်ပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ ရန်ကုန်မြို့မှာ မိန်းကလေး ငယ်များ ဆက်တိုက် ပျောက်ဆုံးနေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မိန်းကလေးငယ် (၂) ဦး ပျောက်ဆုံးမှုကို လူမှုကွန်ယက် အသုံးပြုသူအများအပြားက မျှဝေနကြပြီး ထင်ကြေး အမျိုးမျိုး ပေးလျက်ရှိပါတယ်။

ပထမ ဖြစ်စဉ်မှာတော့ စမ်းချောင်းမြို့နယ်မှ မိန်းကလေးငယ် တဦး ည ၉ နာရီ အချိန် မင်္ဂလာလမ်းမှ ဦးစံညွှန့်လမ်းကို အပြန်မှာ အင်္ကျီ အဝါရောင် ဝတ်ထားတဲ့ မိန်းမတဦးက လက်နဲ့ လာထိပြီးနောက် ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။

ဒုတိယ ဖြစ်စဉ်မှာတော့ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းဈေးကလေး ရပ်ကွက်သို့ မုန့်သွားစားတဲ့ မိန်းကလေးငယ် တဦး အိမ်ပြန်မလာဘဲ ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

တို့ဆေးနဲ့ ခေါ်သွားတာလည်း ဖြစ်နိုင်ကြောင်း၊ တခြား ကိစ္စတခုခုနဲ့ ခဏ ပျောက်သွားတာလည်း ဖြစ်နိုင်ကြောင်း၊ ဘာပဲ ဖြစ်ဖြစ် ဒီလိုခေတ်ကြီးထဲမှာ အထူးဂရုပြုနေကြဖို့ သင့်ပြီ ဖြစ်ကြောင်း လူမှုကွန်ရက် အသုံးပြုသူတဦးက မှတ်ချက်ပေးပါတယ်။

စမ်းချောင်းမှ မိန်းကလေးငယ် ပျောက်ဆုံး သွားတဲ့အကြောင်း တင်ထားတဲ့ပို့စ်ကတော့ ပြန်လည်ဖျက်သွားပြီ ဖြစ်ပေမယ့် ကြည့်မြင်တိုင် ဖြစ်စဉ်ကတော့ ၂၄ နာရီကြာတဲ့အထိ မဖျက်သေးဘူးလို့ သိရပါတယ်။ နောက်ထပ် လူပျောက်မှု ဖြစ်စဉ်တွေ ရှိနိုင်သေးတာကြောင့် ပြည်သူများအနေနဲ့ မိမိ ပတ်ဝန်းကျင်မှာ မသင်္ကာစရာများ တွေ့ရှိပါက အချင်းချင်း ကာကွယ်စောင့်ရှောက်ကြဖို့ လိုအပ်တယ်လို့ လူမှုကွန်ရက် အသုံးပြုသူများက မှတ်ချက်ပေးနေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page