ရန်ကုန်ဆေးရုံကြီးမှာ နေ့စဉ် လူနာတွေ ပြသနိုင်မယ့် အထူးကုပြင်ပလူနာဌာန အချိန်ဇယား (၂၀၂၂ ခုနှစ်)

ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေ ပြသနိုင်မယ့် အချိန်ဇယားကို ကြေညာလိုက်ပါပြီ။

၂၀၂၂ ခုနှစ်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာန အချိန်ဇယားကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) တနင်္လာ

မနက် (၉) နာရီမှ (၁၂) နာရီအထိ – အထွေထွေသမားတော် ဆေးကုဌာန၊ အထွေထွေခွဲစိတ်ကုဌာန (၁)၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုဌာန၊ နှလုံး ဆေးကုဌာန၊ သွေးရောဂါကုဌာန

နေ့လည် (၁) နာရီမှ (၃) နာရီ အထိ – နှလုံးနှင့် သွေးကြောခွဲစိတ်ကုဌာန

(၂) အင်္ဂါ

မနက် (၉) နာရီမှ (၁၂) နာရီအထိ – ဦးနှောက်နှင့် အာရုံကြော ဆေးကုဌာန၊ နှလုံးခုန်နှုန်းဆိုင်ရာ ရောဂါများ ဆေးကုဌာန၊ မျက်နှာမေးရိုး ခွဲစိတ်ကုသဌာန

(၃) ဗုဒ္ဓဟူး

မနက် (၉) နာရီမှ (၁၂) နာရီအထိ – အထွေထွေသမားတော်ဆေးကုဌာန၊ အထွေထွေခွဲစိတ်ကုဌာန (၃)၊ ဟော်မုန်းရောဂါကုဌာန၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကုဌာန

နေ့လည် (၁) နာရီမှ (၃) နာရီအထိ – နှလုံးနှင့် သွေးကြောခွဲစိတ်ကုဌာန

(၄) ကြာသပတေး

မနက် (၉) နာရီမှ (၁၂) နာရီအထိ – နှလုံးဆေးကုဌာန၊ သွေးရောဂါကုဌာန၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုဌာန၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုဌာန၊ ဆီးချိုသွေးချို ရောဂါကုဌာန၊ မျက်နှာမေးရိုးခွဲစိတ်ကုသဌာန

(၅) သောကြာ

မနက် (၉) နာရီမှ (၁၂) နာရီအထိ – နှလုံးဆေးကုဌာန၊ အထွေထွေခွိစိတ်ကုဌာန (၂)၊ အထွေထွေသမားတော် ဆေးကုဌာန၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကုဌာန

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် လူနာများ နံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း ၊ ပြသရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်း ရခြင်း ကြောင့်လည်းကောင်း ၊ လူစုလူဝေးကြောင့် ကိုဗစ် ရောဂါကူးစက်မှု မှကာကွယ်ရန် အတွက်လည်းကောင်း ၁.၂.၂၀၂၂ ရက်နေ့မှစတင်၍ အွန်လိုင်းဘွတ်ကင် စနစ်ကို စတင် စမ်းသပ်သုံးစွဲသွားမယ်လို့ သိရပါတယ်။

အထက်ပါ အချိန်ဇယားအတိုင်း အွန်လိုင်းဘွတ်ကင် တင်နိုင်တယ်လို့ သိရပါတယ်။ ဘွတ်ကင်းတင်ရမယ့် နည်းလမ်းကို အလျဉ်းသင့်ရင် ဖော်ပြ ပေးသွားပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page