အခါလွန်မိုးကြောင့် ဧရာဝတီ မြစ်ရေ တက်လာမယ့်ဒေသတွေကို ဆရာမလေး စုစုစံ ပြောလိုက်ပါပြီ

ခွာညိုမိုး မြစ်ရေသတိပြုပါ။ ၂၀၂၂ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ကချင်ပြည်နယ်အထက်ပိုင်း မေခ မလိခ မြစ်ဖျားပိုင်းတွေမှာ မိုးများရွာသွန်းနိုင်ပြီး ဧရာဝတီမြစ် မြစ်ဆုံ ချီဗွေ ဝိုင်းမော်မြစ်ကြီးနား ဆင်ဘို ဗန်မော်ဒေသရှိ ဧရာဝတီမြစ်ရေသည် ၁၅ရက်နေ့မှ ၂၀ရက်နေ့အတွင်း မြစ်ရေတိုးလာနိုင်သဖြင့် မြစ်ကမ်းခြေနှင့် ရေကျကျွန်းပေါ် စိုက်ပျိုးကြသူများ အထူးသတိပြုဖို့လိုအပ်ပါတယ် (ခန့်မှန်းချိန် ၁၁-၁-၂၀၂၂ မနက် ၈ နာရီ ၃ မိနစ်အချိန်)

ရွှေကူ ကသာ ၂၀၂၂ ဇန်နဝါရီလ ၁၂ရက်နေ့မှ ၁၆ရက်နေ့အတွင်းကချင်ပြည်နယ်မှာ မိုးရွာသွန်းနိုင်ပြီး ၂၀၂၂ ဇန်နဝါရီလ ၁၆ရက်နေ့မှ ၂၀ရက်နေ့အတွင်း ရွှေကူ ကသာ ဧရာဝတီမြစ်ရေတိုးလာနိုင်သဖြင့် မြစ်အတွင်း ရေကျကျွန်းပေါ် စိုက်ပျိုးကြသူများပျက်စီးမှုမရှိအောင်သတိပြုကြဖို့လိုပါတယ်။

၂၀၂၂ ဇန်နဝါရီလ ၁၅ရက်နေ့တွင် မုံးတမံ ကြီးအုံကြီးဝတမံ မဲဇလီ ရေထိမ်းတံခါး ရွှေစက်တော်တို့တွင် မိုးရေချိန် ၂၅ မီလီမီတာမှ ၅၀ မီလီမီတာအတွင်း မိုးရွာနိုင်ပါတယ် (ခန့်မှန်းချိန် ၁၁-၁-၂၀၂၂ နေ့လည် ၁၂ နာရီ ၂၄ မိနစ်အချိန်)

၂၀၂၂ ဇန်နဝါရီလ ၁၄ရက်နေ့မှ ၁၇ရက်နေ့အတွင်း မြေပုံ ပုဏ္ဍားကျွန်း စစ်တွေ မင်းပြား မြောက်ဦး စေတုတ္တရာ လောင်းရှည် ဆော ကန်ဇွန်းမ ကံပြား စလင်း ပွင့်ဖြူ ရှောက်တော ကုန်းဇောင်း လယ်ကိုင်း စကု မင်းဘူး ရေနံချောင်း ချောက် ပုဂံ ညောင်ဦး ဂွေးချို ကျောက်ပန်းတောင်း နတ်မောက် ဒေသတွေမှာ မိုးရွာနိုင်ပါတယ်
(ခန့်မှန်းချိန် ၁၁-၁-၂၀၂၂ မနက် ၅ နာရီ ၅ မိနစ်အချိန်)

Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page