ဘေးနိုင်ငံတွေမှာ မျိုးကွဲကိုဗစ်ပိုးတွေ့ရပေမယ့် ပြည်သူများ မစိုးရိမ်ရန် စကစ ကျန်းမာရေးဝန်ကြီးဌာနပြော

ကိုဗစ် ဗီဇပြောင်းအိုမီခရွန်ကို အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယတို့တွင် တွေ့ရပေမယ့် ပြည်သူတွေ အလွန်အမင်းမစိုးရိမ်ပါနဲ့လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့အထိ ကိုဗစ် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးသည်နိုင်ငံပေါင်း (၅၅) နိုင်ငံတို့တွင် ပျံ့နှံ့လျက်ရှိပြီး အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ အစရှိသည်တို့တွင် အတည်ပြု တွေ့ရှိရပြီး ဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ နီပေါနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့တွင်လည်း တွေ့ရှိကြောင်း သိရှိရပါတယ်လို့ဆိုပါတယ်။

လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့်ပတ်သက် ၍ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှု မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ အလွန် အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါလို့ ပြောကြားထားပါတယ်။

တတိယလှိုင်း စတင်ကာစတုန်းကလည်း စကစ ကျန်းမာရေး ဝန်ကြီးဌာနက အခုလို ထုတ်ပြန်မှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ ဝမ်းနည်းဖွယ် အဖြစ်များနဲ့ အဆုံးသတ်ခဲ့ရကြောင်း ပြည်သူတဦးက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page