သူတို့ရဲ့ နောက်ဆုံးအချိန်မှာ ဖိနပ်တွေ ချွတ်ပြီး ချန်ထားခဲ့တဲ့ အဓိက အကြောင်းရင်း

လူတွေ အဆုံးစီရင်ဖို့ လုပ်ရင် ဘာလို့ဖိနပ်တွေ ချွတ်ခဲ့ကြသလဲ? မိမိကိုယ်ကို အဆုံးစီရင်ခြင်း လုပ်ကြတဲ့အခါ၊ ရေထဲဖြစ်ဖြစ် အမြင့်ကနေ ဖြစ်ဖြစ်ခုန်ချတဲ့အခါ သူတို့ရဲ့ တစ်ကိုယ်ရေပိုင်ဆိုင်မှု ဖိနပ်၊ ဦးထုပ်၊ တချို့ဆို သေတမ်းစာ၊ ဝမ်းနည်းကြောင်းရေးခဲ့တာစာ၊ လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့တာ၊ လိုက်ဗ်လွှင့်တာ အစသဖြင့် တွေ့ဖူးကြမှာပါ။

တဒင်္ဂ စိတ်လွှတ်ပြီး အဆုံးစီရင်တာ၊ အရက် မူးယ-စ်ဆေးဝါး ကြောင့် လည်းဖြစ်နိုင်သလို သေချာအချိန်ယူစဉ်းစားတဲ့ ဆုံးဖြတ်ချက်တွေလည်းရှိပါတယ်။ အဆုံးစီရင်ဖို့ လုပ်တဲ့သူတွေမှာ လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေ စဉ်းစားတဲ့အချိန်တွေရှိပါတယ်။

ဆရာဝန်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ရတဲ့အခါ သူ့ရဲ့ အဆုံးစီရင်မှု ရည်ရွယ်ချက် ဘယ်လောက်ဆိုးလဲ၊ အကြိမ်ရေများလား၊ စိတ်လာပြီလား၊ ဘယ်လောက်ထိပြင်းထန်လဲ။ ဘယ်လို အဆုံးစီရင်ဖို့ စဉ်းစားထားလဲ လိုက်မေးရပါတယ်။ သေတမ်းစာရေးခဲ့တာ၊ ရေစပ်၊ တံတားအစွန်းမှာ ဖိနပ်၊ ဦးထုပ်၊ တကိုယ်ရေပိုင်ဆိုင်မှုတွေ ထားခဲ့တာ တွေ့ဖူးကြမှာပါ။ မိမိကိုယ်ကို အဆုံးစီရင်ဖို့ အတွက် သေချာစိတ်ဆုံးဖြတ်ပြင်ဆင်လိုက်တဲ့အနေနဲ့ ရည်ရွယ်ခဲ့တာလို့ သုံးသပ်ရပါတယ်။

အသက်မရှင်ချင်နေတော့တာတောင် တခြားဖြစ်စေချင်တာတွေ ရှိနေသေးတာတော့ ထူးဆန်းပါတယ်။ ဒါပေမယ့် သိစေချင်တာချင်းတော့ တူကြပါတယ်။ သူအရမ်းခံစားနေရပေမယ့် နောက်ဆံတင်းနေကြသေးတာကိုး။ သိစေချင်တဲ့ ရည်ရွယ်ချက်တွေလည်း ကွာကြပါလိမ့်မယ်။

ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အရဆိုရင်တော့ ဂျပန်တို့ ကိုရီးယားတို့လို နိုင်ငံတွေမှာတော့ လက်ရှိဘဝက အညစ်အကြေး အမှိုက်တွေကို နောင်ဘဝအထိ မသယ်သွားချင်တဲ့အတွက်လို့ ဆိုပါတယ်။ မီဒီယာတွေမှာ မြင်ဖူးတဲ့အတိုင်း အဆုံးစီရင်မှု မှန်းသိအောင် ပြချင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

တချို့သီအိုရီတွေမှာတော့ သူတို့သေသွားတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ကို ရှာရ လွယ်အောင်လို့လည်း ဆိုကြပါတယ်။ မိမိကိုယ်ကို မိမိအဆုံးစီရင်သွားမှန်း သိစေချင်တာလည်း ပါပါတယ်။ ခုန်ချခြင်းဖြင့် အဆုံးစီရင်ခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုပဲ အကြောင်းပြချက်တွေ၊ အဓိပ္ပာယ်တွေပဲ ရှိနေပါစေ ဆောင်ရွက်တဲ့တဲ့အခါ အောင်မြင်တာနဲ့ ကျရှုံးတာ ၂ ခုပဲရှိပါတယ်။

အခုလို အရာရာခက်ခဲပြီး ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့နေရတဲ့အခါမှာ မိမိကိုယ်တိုင် စိတ်ကော လူကော ကျန်းမာအောင် ကြံ့ကြံ့ခိုင်နိုင်အောင်ကြိုးစားဖို့ လိုပါတယ်။ ကိုယ်မတတ်နိုင်တော့အခါ နီးစပ်ရာ မိသားစု၊ ဇနီး၊ ခင်ပွန်းဆွေမျိုး၊ မိတ်ဆွေတွေဆီ အကူအညီတောင်းဖို့ မမေ့ပါနဲ့။ စိတ်ပိုင်းဆိုင်ရာ ပညာရှင်၊ စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ ဆက်သွယ်ဖို့ ဝန်မလေးပါနဲ့။ မိမိကိုယ်တိုင်လည်း နေကောင်းနေမှ တခြားသူတွေရဲ့ အကူအညီ လိုအပ်မှုကို ပိုပြီး သတိထားနိုင်၊ အလေးပေးနိုင်မှာပါ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page