မြန်မာပြည်ရဲ့ မြို့တော် ဘန်ကောက် ဖြစ်သွားပါပြီ (မြန်မာအခက် ထိုင်းအချက် ဖြစ်သွားရတဲ့ အကြောင်းရင်း)
“မြန်မာ အခက်.. ယိုးဒယား အချက် “ဖြစ်နေပြီလား။ ကိုယ့်နိုင်ငံက အိမ်ခြံမြေ ရောင်းဝယ်သူတွေ (Real Estate/Developer) တွေ ရှုပ်ထွေးမှုတွေကြား ဘာတွေ ဘယ်လိုလုပ်ကိုင်ရမှန်းမသိ၊ အခက် တွေ့နေချိန် သူများနိုင်ငံထဲကို ကိုယ့်န်ိုင်ငံက ငွေတွေက ဒလဟော စီးဆင်းပြီးပြီ။
မြန်မာတွေ ဘန်ကောက်မှာ အိမ်ဝယ်ကြတာမှ ကြိတ်ကြိတ်တိုးနေတာပဲ။ Developer ဘက်ကတောင်ပြောတယ် မြန်မာတွေရဲ့ဝယ်လိုအားက များပြီး ရောင်းလိုအားက နည်းနေတယ်တဲ့။ တချို့က မိသားစုလိုက်ကို ပြောင်းလာကြတာဆိုတော့ အိမ်ခန်းအကျယ် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်း အခန်းကောင်းတာ အခန်းကြီးတာမှန်သမျှ မြန်မာတွေ အကုန် လုဝယ်နေကြတာ။ မြန်မာပြည်မှာသူဌေးတွေပေါချက်။
Developer ကောင်းတဲ့ အချို့ ကြိုရောင်းတဲ့ ပရောဂျက် (Preselling Project) တွေဆိုရင်လဲ၂ပတ်တစ်ကြိမ် စျေးခုန်တက်နေတာမျိုး။ ဥပမာ AP Thailand , Ananda တို့လို Top 10 Developers တွေကဆောက်ပြီး ဘန်ကောက်ရဲ့ အချက်အချာကျတဲ့နေရာတွေမှာ ဘတ်သန်းပေါင်းမီလျံချီတဲ့အိမ်တွေကို လုယက်ပီး ဝယ်နေကြတာ အကုန် ကိုယ်ရွှေကိုယ်မျိုးတွေကြည့်ပဲလေ။
မြေပိုင်ဆိုင်မှုကလဲ Free Hold ဖြစ်တယ် ၊ Hight Class Level မှာ ပေးရတဲ့စျေးနဲ့ ထိုက်တန်အောင်ပြန်ရတယ် ဆိုတော့ ဝယ်တဲ့သူတွေလဲ မမှားဘူးလို့ တွက်မိတယ်။ မြန်မာပြည်ရဲ့ မြို့တော်က ဘန်ကောက်တဲ့လေ။ ရင်ထဲတော့ နင့်သွားတာပဲ။ မနေ့ကပဲ မြန်မာအစ်မတစ်ယောက်ထဲ လက်ငင်းငွေချေ (Cash Down) ချပေးပြီး ကွန်ဒို ၅ ခန်း ဝယ်သွားတယ်။ မြန်မာပြည်က လူချမ်းသာ အသိုင်းအဝိုင်းအများစုက နိုင်ငံရပ်ခြားကို ပြေးကုန်ကြပီဆိုတာ မျက်မြင်ကိုယ်တွေ့ပါ။ နောက်ထပ်ပြေးမယ့် သူတွေလည်း အများကြီးတွေ့နေ ကြားနေရတယ်လေ။
၂၀၂၂ မှာ အရှေ့တောင်အာရှရဲ့ အကောင်းဆုံးနိုင်ငံအဖြစ် ဘန်ကောက်က ဦးဆောင်လာခဲ့တယ်။ ၅ နှစ် ၁၀ နှစ်အတွင်း ထိုင်းနိုင်ငံက အများကြီးတိုးတက်လာခဲ့တာ မုဒိတာပွါးမိပါတယ်။ ကျန်းမာရေး ပညာရေး စားဝတ်နေရေးကလဲ စျေးသင့်တယ် ဝန်ဆောင်မှုကောင်းတယ်။ ရန်ကုန်နဲ့လဲ တစ်နာရီ ခရီးဆိုတော့ အားလုံးက အဆင်ပြေနေရော။
နေထိုင်ခွင့် ပါမစ်ကလဲ မြန်မာတွေအတွက် ဖွင့်ပေးထားသလားအောင့်မေ့ရတယ်။ ငွေပေးရင် ဗီဇာကို ပုံစံမျိုးစုံနဲ့ ဝယ်ပြီး အေးဆေး နေလို့ရတာဆိုတော့ မြန်မာတွေရဲ့ ပိုက်ဆံက ထိုင်းမှာ နေ့စဉ် သဲ့ယူနေသလို ဒလဟောစီးဆင်းတော့တာပါပဲ။
အစကနေ ပြန်စခွင့် ရမယ်ဆိုရင်တောင် မြန်မာပြည်က မူလအတိုင်းဖြစ်ဖို့ အချိန်အများကြီးယူရဦးမယ်လေ။ ကိုယ်တွေတစ်သက် သူများနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ဖို့ မြန်မာက တန်းမဝင်တော့ပါဘူး။ အနည်းဆုံး ဘန်ကောက်ဟာ မြန်မာအငွေ့အသက်လေးရနေရုံနဲ့ကို အလွမ်းပြေရပါတယ် (pyonepanwaiaung ၂၁-၇-၂၀၂၂)