တချိန်က မြန်မာတပြည်လုံး ဟိုးဟိုးကျော် ဖြစ်ခဲ့တဲ့ လူစကားတတ်တဲ့ ကြောင်လေး အကြောင်း

လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က မြန်မာတပြည်လုံး ဟိုးဟိုးကျော်ခဲ့တဲ့ လူစကားပြောတတ်တဲ့ ကြောင်လေး အကြောင်းကို အွန်လိုင်းပေါ်ကနေ လက်လှမ်းမီသမျှ ရှာဖွေ ဖော်ပြလိုက်ပါတယ် ခင်ဗျာ-

မေး – မြန်မာပြည်မှာ ကြောင်က လူစကားပြောတတ်တယ်ဆိုပြီး ၁၉၉၅ ပတ်ဝန်းကျင်လောက်မှာထင်တယ်။ တော်တော် ခေတ်စားခဲ့ဖူးတယ်လို့တွေ့မိပါတယ်။ ရုပ်သံလိုင်းကတောင်သွားတွေ့ပြီး တီဗီက လွှင့်ခဲ့ဘူးတယ်လို့ ကြားဖူးပါတယ် မှီလိုက်တွေ့လိုက်သူများပြောပြပေးကြပါဦး။

အဖြေ (၁) – ကြည့်ဖူးတယ်။ သားနာမည် ဘယ်သူလဲ မေးတာ ရန်အောင် ရန်အောင်လို့ပြောတယ်။ သူ့သခင်ကိုလည်း အမေအိမ်ပြန်မယ်အိမ်ပြန်မယ်နဲ့ လူတွေဝိုင်းကြည့်လို့လေ။ သားမိန်းမက ဘယ်သူလည်းမေးတာ မေသန်းနုတဲ့ သိပ်တော့မပီဘူး ကိုယ်ကကြောင်းချစ်တတ်တဲ့သူမို့မှတ်မိနေတာ။

အဖြေ (၂) – မန္တလေး ရွှေကြက်ယက်မှာပါ။ ငယ်ငယ်က စကားပြောတဲ့ကြောင်ဆိုလို့ သွားကြည့်တာ။ ဘေးနားက supporting တွေ အရမ်းကောင်းပါတယ်။ ဒါကြောင့် နာမည်ကြီးတာပါ။ ကက်ဆက်ခွေတောင် ရောင်းလိုက်သေးတယ်။ လူဆိုတာ အထူးအဆန်းကို ကြိုက်တဲ့စိတ်က အလိုလိုရှိပါတယ်။ ဒါကြောင့် အတင်းယုံကြတာ။ ငယ်ငယ်ကတည်းက မယုံဘူး။ အခုပြန်စဉ်းစားကြည့်တော့ လည်ပင်းမှာ ပြဿနာ တစ်ခုခုရှိတဲ့ ကြောင်ဖြစ်ပါလိမ့်မယ်။ တချို့ကြောင်တွေလည်း တခါတခါ ဖြစ်တတ်ကြပါတယ်။

အဖြေ (၃) – မေးတဲ့သူက MWD က စောကလျာဦးပါ။ ရေဒီယိုကနေ နားထောင်လိုက်ရတာပါ။ ကြောင်ဆိုတော့ ကြောင်သံလေးနဲ့ ပြန်ဖြေတာပါ။ သူဖြေတာကို လူတွေ နားလည်တယ်။ အဖြေ (၄) – စိတ်ညစ်လို့ စောစောစီးစီး ဆုံးသွားတာ နောက် feed back တွေက ကြောင်ပြ ပိုက်ဆံရှာတယ်ဆိုလား မြတ်ကြေးမုံမှာ ဟိုးဟိုး​​ကျော်။

အဖြေ (၅) – တာမွေကကြောင်လေးပါ။ သူက တီဗီကြည့်တာကြိုက်တယ်။ သူအော်တဲ့အသံ မီညောင်ဆိုတဲ့အသံက ရန်အောင်လို့ ဆင်တူယိုးမှားထွက်လို့ လူစကားပြောတယ်ဆိုပြီးနာမည်ကြီးတာပါ။ တကယ်မပြောတတ်ပါဘူးဗျ။ ဂျင်းပါ။ ငယ်ငယ်က ကိုယ်တွေ့ပါ။ အဲ့အိမ်ရှေ့ကဖြတ်တိုင်း အဲ့ကြောင်ကိုဝင်ကြည့်နေကြ။

အဖြေ (၆) – သူ့နာမည်ကို ရန်အောင်လို့ဖြေတယ် ပိုက်ဆံပေါ်က ဗိုလ်ချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းလို့ဖြေတယ် လေးဆယ့်ငါးကျပ် လို့လဲပြောတယ် ကိုးဆယ် လို့လဲပြောတယ် သူ့မိန်းမကို မေသန်းနု လို့ဖြေတယ် အဲ့အသံကို ကြောင်အသံနဲ့ ပြောတာပါ။ (မေးခွန်း ပိုင်ရှင်နဲ့ ကွန်းမန့်ပေးသူ အားလုံးကို လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page