ကြက်သွန်ဖြူရဲ့ လူတွေ သိပ်မသိသေးတဲ့ ဂမ္ဘီရ အစွမ်းသတ္တိများ

ကြက်သွန်ဖြူရဲ့ ရုက္ခဗေဒ အမည်က Allium sativum ဖြစ်ပါတယ်။ ကြက်သွန်နီ၏ မိသားစု Alliaceae ထဲမှာ ပါဝင်တဲ့ မျိုးစိတ် တစ်ခုပဲဖြစ်ပါတယ်။

အစိမ်းစားလျှင် ပူစပ်စပ် အရသာရှိတဲ့ ကြက်သွန်ဖြူဟာ ချက်ပြုတ်လိုက်တဲ့ အခါမှာတော့ ချိုသော အရသာရှိပါတယ်။ ကြက်သွန်ဖြူရဲ့ အရွက်ဖြစ်တဲ့ ကြက်သွန်မိတ် နဲ့ အဖူး အပွင့်များကိုလည်း စားသုံးလို့ရပါတယ်။

ကြက်သွန်ဖြူ အမွှာများကို အစိမ်းသော်လည်းကောင်း ၊ ချက်ပြုတ်စားသော်လည်းကောင်း ဆေးဖက်ဝင်ပါတယ်။ မချက်ပြုတ်ထားသော ကြက်သွန်ဖြူ အစိမ်းကို စားသုံးခြင်းဖြင့် သွေးကြောများ အတွင်း သွေးခဲခြင်း နဲ့ သာမန်ထက် ပိုတဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပေမယ့်လည်း များသောအားဖြင့်တော့ ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာ စားသုံးကြပါတယ်။

စုန်းများ၊ တစ္ဆေသရဲများ၊ သွေးစုတ်ဖုတ်ကောင်များနှင့် မိစ္ဆာမျက်လုံး အပါအဝင် သဘာဝနယ်လွန်အမှောင်ဖြစ်ရပ်အတော်တော်များများကို အကာအကွယ်ပြုရန်သုံးသည်။ ကုသရေးတွင် အမယ်အဖြစ်သုံးသည်။

ကြက်သွန်ဖြူအတွဲလိုက် လည်ပင်းတွင် ချိတ်ထားခြင်း၊ အိမ်ထောင့်တွင် ချိတ်ထားခြင်းသည် အမှောင့်ပယောဂတို့မှ ကာကွယ်ရန်၊ မိစ္ဆာနတ်ဆိုး၊ ကျိန်စာတိုက်မှုတို့မှ ကာကွယ်ရန် အဆောင်ဖြစ်သည်။

မက္ကဆီကိုနိုင်ငံမှ ajo macho ဟူသည့် ဘေ့စ်ဘောဘောလုံးလောက်ရှိသည့် ကြက်သွန်ဖြူဥကြီးသည် ပယောဂဆရာတို့ အကြားတွင် အသုံးများသေ ကြက်သွန်ဖြူမျိုးဖြစ်သည်။သို့ရာတွင် သိမှတ်ရန်မှာ ajo macho သည် ဝယ်ယူလာပါက အစွမ်းမရှိဘဲ လက်ဆောင်အဖြစ် ရမှသာ အစွမ်းပြသည်ဟု ဆိုကြပေသည်။

ရှေးခေတ်ရောမစစ်သည်တို့သည် ခွန်အားသတ္တိအတွက် အဆောင်အဖြစ် ကြက်သွန်ဖြူဥကို ဆောင်ထားလေ့ရှိသည်ဟုဆိုသည်။

ဂရိနှင့် ရောမခေတ်များတွင် ကြက်သွန်ဖြူဥများကို HECATE ကိုပူဇော်ရန် လမ်းဆုံးလမ်းခွများတွင် ချိတ်ထားလေ့ရှိသည်။ သူ့လူများကို အသွင်ပြောင်းပစ်သော ဆာဆီ၏ရန်မှကာကွယ်ရန် အိုဒစ်ဆီသည် ကြက်သွန်ဖြူကို သုံးခဲ့သည်ဟုဆိုသည်။

လင်းညှို့တာရာ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page