လျှပ်စစ်ဆိုင်ကယ်နဲ့ အဝတ်လျှော်စက်တွေပါ အားသွင်းနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ပါဝါဘဏ်ကြီး
၂၇ သန်း mAh အားရှိတဲ့ ပါဝါဘဏ်တစ်ခုကို ဟောင်ကောင်က ဟန်ဒီဂန်းဆိုသူက ဖန်တီးပြုလုပ်ထားပါတယ်။
အဲဒီ ပါဝါဘဏ်ကြီးဟာ သာမန်ဖုန်း အလုံး ၅၀၀၀ လောက်ကို တပြိုင်တည်း အားသွင်းနိုင်ပြီး၊ လျှပ်စစ်ဆိုင်ကယ်တစ်စီး၊ တီဗီတစ်လုံး၊ အဝတ်လျှော်စက်တစ်ခု နဲ့ လျှပ်စစ်ဟင်းချက်အိုးတစ်ခုတို့ကိုလဲ တပြိုင်တည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီ ပါဝါဘဏ်ရဲ့ အရွယ်အစားဟာ ပုံမှာမြင်ရတဲ့အတိုင်း အတော်ကြီးမားပြီး၊ လေးလံတာကြောင့် သာမန် ပါဝါဘဏ်တွေလို လွယ်လွယ်ကူကူသယ်ဆောင်သွားလို့ရမယ့်အမျိုးအစားတော့မဟုတ်ဘူးလို့ သူကဆိုပါတယ်။
လျှပ်စစ်ပညာရှင်တွေကတော့ ယင်း ပါဝါဘဏ်ကြီးဟာ သာမန်လက်ကိုင် ပါဝါဘဏ်ပုံစံနဲ့တူအောင် ဘက်ထရီများကို ပြုလုပ်ထားတယ်လို့ သုံးသပ်ပါတယ်။
အင်တာနက်ပေါ်မှာ နာမည်ကြီးအောင်သာ ပြုလုပ်ထားခြင်း ဖြစ်ပြီး တကယ့်လက်တွေ့မှာ အသုံး သိပ်မဝင်နိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။