အရှေ့ဒဂုံက ကြယ်စင်လင်းကလည်း ကမ္ဘာ့ဈေးအသက်သာဆုံး ၅၀၀ ကျပ်တန် ကြက်သားဒံပေါက် ရောင်းပါပြီ

ကြယ်စင်လင်း ၅၀၀ကျပ်တန် ထမင်းဆိုင်က မီနူးအသစ်အနေနဲ့ ကမ္ဘာ့ဈေးအသက်သာဆုံး ၅၀၀ကျပ်တန် ကြက်သားဒံပေါက်ကို ဒီကနေ့မှာရောင်းချခဲ့ပါတယ်။

ကြက်သားဒံပေါက်ကတော့ ဆိုင်ထိုင်စားတော့မရဘဲ ပါဆယ်သာရရှိမှာဖြစ်သလို နေ့တိုင်းတော့ရရှိမှာတော့ မဟုတ်ဘူးလို့လည်းသိရပါတယ်။

ကြယ်စင်လင်း အနေနဲ့ကတော့ အပတ်စဉ်တိုင်းမှာ မီနူးအသစ်တွေကို ပြုလုပ်လေ့ရှိပါတယ်။ ဆိုင်ရဲ့တည်နေရာကတော့ ဒဂုံအရှေ့ ဘုန်းကြီးကျောင်းကွေ့မှတ်တိုင်အနီးဖြစ်ပါတယ်။

ကြယ်စင်လင်း မြန်ကောင်းသက်သာ ၅၀၀ ကျပ်တန် ထမင်းဆိုင်ဟာ ရန်ကုန်မြို့ရဲ့ (၄) ဆိုင်မြောက် ၅၀၀ တန် ထမင်းဆိုင် ဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ မိသားစုက ပြည့်ပြည့်စုံစုံမဟုတ်တဲ့အတွက် မိသားစု ၄ ယောက် ထမင်း ၃ နပ်မှန်အောင်စားနိုင်ရုံ ရပါပြီ ဆိုတဲ့ စိတ်နဲ့ပဲ ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပါ ။အားပေးကြတဲ့ အတွက်လဲ အများကြီးကျေးဇူးတင်ပါတယ်။

ရှိစုမဲ့စု အရင်းလေးနဲ့ ရင်းနှီးပြီးလုပ်ခဲ့တဲ့အလုပ်လေးက လူအနည်းငယ်သိလာရတဲ့အတွက်လဲ အင်မတန်မှ ဝမ်းသာရပါတယ်။ ဒီလိုအချိန်မှာ ကျွန်မတို့လို့ လူ တွေအတွက် ထမင်းတစ်နပ်စားဖို့ရာ အဆင်ပြေခဲ့ပြီဆိုရင်ပဲ ကျေနပ်ပါပြီ။

နောက်လဲအများကြီးဆက်ပြီး အားပေးပါဦးရှင် စျေးနည်းနည်းပဲ ပေးရလို့ဆိုပြီး လက်ရာ နဲ့ cus service က လုံးဝ စိတ်ပျက်စရာမဖြစ်အောင် အကောင်းဆုံးကြိုးစားမှာပါ။

၅၀၀ ကျပ်တန် ပုံစားထမင်းပွဲမှာ ကြယ်စင်လင်းမိသားစုရဲ့ မေတ္တာများသည် အများဆုံးပါဝင်မှုသာ ဖြစ်ပါတယ်ရှင် ဆိုပြီးတော့ ထမင်းဆိုင်ပိုင်ရှင်ကတော့ ပြောကြားသွားပါတယ် ခင်ဗျာ။

လှူဒါန်းကြတဲ့ စေတနာရှင်တွေနဲ့ လုပ်အားဒါန ပြုလုပ်ကြတဲ့ လူတွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေလို့ ဆုတောင်း ပေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page