ဆောင်းတွင်းမှာ အထူးဂရုစိုက်ရမယ့် မီးလောင်ပိုး (သို့) မီးစပ်ပိုးကောင် အကြောင်း
ခုတလော ဆေးခန်းမှာ အရမ်းတွေ့တဲ့ case လေးပေါ့။ ကောင်မလေးတယောက်ဆို မျက်လုံးနားမှာ ဖြစ်လို့ မျက်ခွံကြီး တခုလုံး ရောင်ကိုင်းပြီး မျက်စိဖွင့်မရအောင်ဖြစ်။
သိပြီးသားလဲဖြစ်ချင်ဖြစ်မယ်။ ဒီဇင်ဘာလ ရောက်လာတော့ မကြာခဏ တွေ့လာရတယ်။ အရေပြားပေါ်မှာ မီးလောင်ဖုတွေလို ပေါ်လာတာမျိုးပေါ့။
ထူးဆန်းတာက တံတောင်ဆစ်လို ဒကောက်ကွေးလို နေရာမျိုးဆိုရင် mirror image လိုမျိုး ဆင်တူဖြစ်တာပါ။ တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။ တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ ပြောလေ့ရှိကြတယ်။
တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။ ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့ မဟုတ်ပါဘူး။
သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ။ အဲဒီ အင်းဆက်ပိုးကောင်ကို ရို့ဗ်ဘီတဲလ် လို့ခေါ်ပါတယ်။ ပယ်ဒီရင်ဆိုတဲ့ အဆိပ်ကို ထုတ်လို့ ပယ်ဒီရပ် ဘီတဲလ် လို့လဲခေါ်ပါတယ်။
အဲဒီ အဆိပ် ထိမိတဲ့နေရာတွေမှာ ရေကြည်ဖုတွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ ကိုဖြစ်စေတာပါ။ မီးရောင်က အဲဒီ ပိုးကောင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုးကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ်။ ဦးခေါင်းက အမဲရောင် ခန္ဓာကိုယ်က အနီနဲ့ အနက်ကြားရောင်ပါ။
အဲဒီပိုးကောင်ကို ဖိချေမိတဲ့အခါ သူ့ခန္ဓာကိုယ်က အဆိပ်တွေ ထွက်လာပြီး အရေပြားကို ထိမိပြီး ၁ ရက်လောက်ကြာမှ နီရဲပြီး အရည်ကြည်ဖုတွေ ဖြစ်လာတာပါ။
အဆိပ် အနည်းအများပေါ်မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိ ဖြစ်ပါတယ်။
ပိုးကောင် အဆိပ်ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါ ရောင်တာဖြစ်နိုင်ပါတယ်။ မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာမျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးနိုင်ပါတယ်။
တကယ်လို့ ပိုးကောင်ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့ သွားမကိုင်ပါနဲ့ ဖိပြီး ချေမပစ်ပါနဲ့ အမှတ်တမဲ့ ဖိချေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ ရေများများနဲ့ ဆေးပစ်ပါ။ အဝတ်အစားတွေလဲ ချွတ်ပြီးလျှော်ပစ်ပါ။ အဆိပ်တွေ ပါသွားအောင်ပါ။
Hla Myat Nwe