လမ်းဘေးမှာ ဗန်ဒါစေ့လေးတွေ ရောင်းပြီး ဆန်ဖိုး ရှာနေရတဲ့ အသက် (၇၅) နှစ်အရွယ် အဘိုး

စားဖို့အတွက် ဆန်မရှိတာ ကြာပြီ…ဆန်လေးနဲ့စားစရာ ဝယ်လို့ရပြီ

အဖိုး အသက်(၇၅)နှစ်… အဖွားနဲ့ အတူနေတယ်တဲ့…ဗန်ဒါစေ့လေးတွေ လမ်းဘေးမှာ ရောင်းတယ်။ အဖိုး ရှေ့က ဖြတ်သွားတော့…

သားတို့ တထုပ် (၁)ထောင်ပဲ ပေးပါ…အဖိုး အိမ်ပြန်ချင်လို့ပါ။ ဟုတ် အဖိုး…(၂)ထုပ်ပဲ ရှိတာလား။ ဟုတ်တယ် သား (၂)ထုပ်ပဲ ရှိတယ်…သားရယ် အားပေးပါ။

အားပေးမှာပေါ့…အဲ့ (၂)ထုပ် ယူမယ်နော်…မလျော့တော့ဘူးလား။ အဖိုး ဒါလေး ရောင်းမှ…လမ်းစရိတ်လေး ဖယ်ပြီး…ညဘက် လက်မယား (၂)ယောက် စားဖို့လေး ဝယ်ရမှာ

ဟုတ် အဖိုး…ရော့ ၅၀၀၀၀ ကျပ်နော်၊ ဟာ…သား အဖိုး အမ်းဖို့ အဲ့လောက်မရှိဘူး…(၂)ထောင်ပဲ ကျတာလေသား။ ဟုတ် အဖိုး…အမ်းဖို့ မရှိရင် မအမ်းပါနဲ့တော့…အဖိုး ယူလိုက်တော့နော်။

ဟာ တကယ်လား သား… တကယ်ပေါ့…အဖိုး ယူလိုက်…အဖိုး ဘာလုပ်ချင်လဲ။ အဖိုး ဆန်နဲ့စားစရာ ဝယ်ချင်တယ်…အိမ်မှာ ဆန်မရှိတာ ကြာပြီ…အဖိုးတို့ လင်မယား (၂)ယောက်စားဖို့ ဆန်နဲ့ တခြားစားစရာလေး ဝယ်မယ်။

အရမ်းကျေးဇူးတင်ပါတယ် သားရယ်…အဖိုး အိမ်လဲအစောကြီး ပြန်ရတယ်…စားစရာလေးတွေ သွားဝယ်မယ်…ဝမ်းသာလိုက်တာ

ဟုတ် အဖိုး ဂရုစိုက်ပြန်နော်…ဒါနဲ့ ဖိနပ်ကော..မရှိဘူးလား…သား ဝယ်ပေးမယ်။ ရှိတယ်သား…ဟိုဘက် ဆိုက်က္ကားဂိတ်မှာ သိမ်းထားတာ သား…ကျေးဇူးပါ သားရယ်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ…စားဖို့ ဆန်လေး ဝယ်လို့ရပြီဆိုတော့…အဖိုး ပျော်သွားတဲ့ မျက်နှာလေး..ပီတိဖြစ်လိုက်တာ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page