တနေ့လုံး ရောင်းရမှ ပိုက်ဆံ ၅၀၀ ပဲ ရတဲ့ အိုးတိုက်ဖွဲပြာ ရောင်းတဲ့ အဖိုး

အဖိုးတို့အတွက် ငွေ (၁)သိန်းဆိုတာ အိမ်မက်ပါ။

မနက်ခင်း စောစော စျေးထဲ…mask သွားဝယ်ရင်း အဖိုးတယောက် ကုပ်ကုပ်လေး ထိုင်နေတယ်…အရှေ့မှာလဲ အထုပ်မဲလေး (၃)ထုပ်ချထားတယ်။

အဖိုးရေ…ဘာတွေ ရောင်းတာတုန်း၊ သားရေ…ဖွဲပြာတွေပါ (နောက်က ညီတော်မောင်က ကိုကြီး…သားဆိုင်အတွက် ဆေးဖို့ ဖွဲပြာလိုတယ်တဲ့)

အဖိုးရေ…ဒီမှာ လိုတဲ့သူရှိပြီ ဘယ်လိုရောင်းလဲ ဗျ။ သားရေ…(၃)ထုပ် (၅၀၀)ကျပ်ပဲ ပေးပါ သားရယ်။ ဟုတ် အဖိုး…အကုန်ယူမယ်နော်…(၃ထုပ်ပဲ တွေ့တယ်)

ကျေးဇူးပါ သားရယ်…အဖိုး ထည့်ပေးပါ့မယ်။ အဖိုး (၃)ထုပ် ၅၀၀ဆို အဖိုး အဆင်ရော ပြေရဲ့လား။ ဒီလိုပဲပေါ့ သားရယ်…ရသလောက်လေးနဲ့ပဲ နေရတာပေါ့။

အဖိုးက ဒါရောင်းကုန်ရင် ဘယ်ပြန်ရမှာလဲ။ မှော်ဘီဘက် သား…။ ဟာ အဝေးကြီးပဲနော်…။ဟုတ်တယ် အဖိုးက အိမ်ငှါးနေရတာပါ အဲ့ဘက်မှာ သက်သာတော့။ ဟုတ် အဖိုး…ရော့… ၁၀၀၀၀၀ ကျပ်

အဖိုး ကျနော့်ကို မှေးသက်ပြီ ကြည့်နေတယ်။ အဖိုး ဖွဲပြာဖိုးပါ…ပိုတာ အဖိုး ကြိုက်တာ သုံးပါနော်။ အဖိုး…အိမ်မက်မက်နေတာလား…အဖိုးတို့အတွကိ ငွေ(၁)သိန်းဆိုတာ အိမ်မက်ပါ သားရယ်။

အိမ်မက်မဟုတ်ပါဘူး…အဖိုး ယူနော်…အိမ် ဂရုစိုက်ပြီ ပြန်နော်။ အရမ်း ဝမ်းသာတာပဲ သားရယ်…အဖိုး တကယ် ပျော်တယ်။ ဟုတ် အဖိုး အိမ် သေချာပြန်နော်…ပိုက်ဆံတွေလဲ သေချာ သိမ်းသွားနော်။

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ရှိပါတယ်ဗျ)

ဪ…အဖိုး ကွေးကွေးလေး ထိုင်ပြီ ချမ်းနေတာလေးမြင်ရတာ…ရင်ထဲ အတော် ဝမ်းနည်းမိတယ်။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page