မန္တလေးကို လာမယ့် တရုတ်ရထားကြီးရဲ့ အကြောင်းရင်းမှန်နဲ့ ပေါက်ဖော်တို့ ထည်တဲ့ ဂျင်း

ခုတလော တရုတ်ကနေ မန္တလေးကို တိုက်ရိုက်ရထားလမ်းပေါက်သယောင် သတင်းတပုဒ်တက်လာလို့ လူတွေသို့လောသို့လောဖြစ်ကုန်တယ်။ စိတ်လဲဝင်စားသွားကြတယ်။ ဘယ်တုန်းကများ ရထားလမ်းပေါက်သလဲပေါ့လေ။

အရင်လပိုင်းကလဲ တရုတ်-လာအိုရထားလမ်းကို ရန်ကုန်အထိ ရထားလမ်း ပေါက်သယောင် ရေးခဲ့ဘူးတယ်။ အဲဒီသတင်းကိုထုတ်‌နေတဲ့ဌာနကတော့ တရုတ်အစိုးရထိမ်းချုပ်မှုအောက်မှာရှိတဲ့ China Radio International – CRI တရုတ်နိုင်ငံတကာအသံလွှင့်အစီအစဉ် မြန်မာပိုင်းဖြစ်တယ်။

ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတွေ ရေးသားဖေါ်ပြနေပြီး လူတွေရဲ့ စိတ်ဝင် စားမှုရယူနေပုံရပါတယ်။ CRI မြန်မာပိုင်းရဲ့သတင်းတွေကို ချင့်ယုံပါ။ တရုတ်ဂျင်းကို ပါးပါးလေးရော၊အတောင့်လိုက် ပါထည့်ပြီး စိတ်ဝင် စားမှုယူနေတာပါ။ အဟုတ်မှတ်ပြီး ဦးဏှောက်ခြောက်ခံမ‌နေပါနဲ့။

တရုတ်နဲ့မြန်မာကြား ဘာရထားလမ်းမှမပေါက်သေးပါဘူး။ မြန်မာပြည်ထဲက လားရှိူးထိ ရထားနဲ့ကုန်တင်ပြီး တရုတ်ဖက်ကို ကားနဲ့ဆက်သယ်တာကိုဘယ်မြန်မာပြည်သတင်းသမားက တရုတ်ပြည်ကို ရထားလမ်းပေါက်ပြီလို့မရေးပါဘူး။

ဒီလိုတရုတ်နယ်စပ်တနေရာထိ ရထားနဲ့သယ်ပြီး မြန်မာပြည်ဖက်ကိုကားနဲ့ ဆက်သယ်တာလဲ ၊ မြန်မာပြည်အထိ ရထားလမ်း ပေါက်တာ မဟုတ်ပါဘူး။ တရုတ်တွေလဲ ဂျင်းထည့်ပြီး စိတ်ဝင်စားအောင်လုပ်တတ်နေပြီ။ တရုတ်ဂျင်းလဲ သတိထားကြ။ (ဦးခင်မောင်စိုး(RFA))

Leave a Reply

Your email address will not be published.

x

You cannot copy content of this page