သော့ ၁၃ ချောင်း အဆင့် ၃ ဆင့်ကို ဖြတ်ပြီးမှ ဖူးနိုင်မယ့် ရှေးဟောင်းရွှေဆင်းတုဘုရား အကြောင်း
သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှ ပူဇော်ကန်တော့ခွင့်ရမဲ့ ရှေးဟောင်းရွှေဆင်းတုဘုရား။ မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်) ရဲ့ အမွေအနှစ်တွေထဲကတစ်ခု။ သော့ပေါင်း ၁၃ ချောင်းကိုကျော်ဖြတ်ပြီးမှ ရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့်ရမယ်။
ဘုရားကို ဖူးမြော်ဖို့ဆိုရင် ဂေါပက ၅ယောက်ဆုံပြီး သော့ငါးချောင်းနဲ့ပထမတဆင့်ကိုဖွင့်ပြီးမှ ဒုတိယတံခါးက သော့သုံးချောင်း ကိုထပ်ဖွင့် အဲ့လိုဖွင့်ပြီးမှ ဘုရားရှင် စံမြန်းတဲ့ မီးခံသေတ္တာဆီရောက်ပါတယ်။
အကြိုက်ဆုံးကတော့ ပထမဆုံးပုံမှာ ပြထားတဲ့ မီးခံသေတ္တာတံခါး။ ရှေးတံခါး သော့ငါးချောင်းလုံး ထည့်ပြီးမှ lock တွေ တစ်ခုခြင်းလိုက်လှည့်ပြီး အားလုံးစုံမှပွင့်တာ။ နှစ်ပေါင်းများစွာကြာပြီ ခုထိမပျက်မစီးကျန်ပါတယ်။သုံးလို့လဲရတယ်။ တကယ့်စက်မှုအမွေအနှစ်တစ်ခုပဲဖြစ်ပါတယ်။
ကျနော်တို့ဖူးနိုင်ဖို့ အတွက် ငါးယောက်လုံးစုံအောင် စုဝေးရင်း အလုပ်ရှုပ်သွားခဲ့ရတဲ့ ဂေါပကလူကြီးမင်းများကို ကျေးဇူးအထူးတင်ပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်က မအူရွာ (အလယ်)ရောက်ခဲ့ရင် ဓမ္မမိတ်ဆွေများ ရှေးဟောင်း အမွေအနှစ်တွေထဲကတစ်ခု ဖြစ်သော ရွှေဆင်းတုဘုရားကို ပူဇော်ကန်တော့ခွင့်ရနိုင်ကြပါစေ ခင်ဗျာ။ (ရှေးခေတ်မြန်မာပုံရိပ်များ) (Sai Min Thant)