နွားကို ကိုယ့်ဆွေမျိုးလို သဘောထားတဲ့ တောင်သူဦးကြီးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ အလေ့အထများ

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံ ဖြစ်တဲ့ အားလျော်စွာ စိုက်ပျိုးရေးမှာ မရှိမဖြစ် အသုံးပြုရတဲ့ တိရစ္ဆာန်တွေနဲ့ တောင်သူလယ်သမား ဦးကြီးတွေအကြား ထူးခြားဆန်းပြားတဲ့ ပတ်သက် ဆက်နွယ်မှုတွေ ရှိကြပါတယ်။

တောင်သူလယ်သမား ဦးကြီးတွေဟာ လယ်ကွင်းထဲမှာ အတူတူ ရုန်းကြရတဲ့ နွားတွေကို မိမိရဲ့ သားသမီးအရင်းလို၊ စီးပွားဖက်လို သဘောထားပြီး ကြင်နာယုယလေ့ ရှိကြပါတယ်။ ကိုယ်တိုင် စားဖို့ မရှိရင်တောင် နွားစာကို မဖြစ်မနေ ရအောင် ရှာဖွေပြီး ဝလင်အောင် ကျွေးမွေးလေ့ ရှိကြပါတယ်။

တောင်သူလယ်သမား အများစုဟာ အမဲသားကို မစားကြဘဲ ရာသက်ပန် ရှောင်ကြဉ်ထားကြတာလည်း ဖြစ်ပါတယ်။ မိမိနဲ့အတူ ရုန်းကန် စီးပွားရှာခဲ့တဲ့ နွားတွေ အသက်ကြီးသွားရင်လည်း ဘေးမဲ့ပေးတတ်တဲ့ ဓလေ့ဟာ မြန်မာ့ တောင်သူလယ်သမားတွေရဲ့ ချစ်စရာ ကောင်းတဲ့ ဓလေ့ တခုလည်း ဖြစ်ပါတယ်။

ယခုလည်း အလွန်အေးတဲ့ ဆောင်းတွင်း ရောက်ရှိနေချိန်မှာ မိမိရင်ဝယ်သားလို့ သဘောထားတဲ့ နွားတွေ အအေးဒဏ်က သက်သာစေဖို့အတွက် စောင်ခြုံပေးထားတဲ့ ပုံရိပ်တွေကို ဖော်ပြ ပေးလိုက်ပါတယ်- “ပုံလေးကတော့ ဘယ်သူတင်ထားတာလဲမသိဘူး။ ခုလို ဆောင်းရာသီမှာ နွားတွေချမ်းမှာစိုးလို့ စောင်ခြုံပေးထားတာတဲ့။ အဲဒီစိတ်လေးကို အရမ်းကို သဘောကျမိတာပါပဲ။

လူသားဆန်မှုဟာ လူတွေ ကြားထဲမှာ ရှိသေးတာပါလားလို့ တွေးရင်း ၀မ်းသာရတယ်။ စက်မှုလယ်ယာခေတ် ဖြစ်နေပေမယ့် နွားတွေကို အသားစားရုံ သက်သက်မဟုတ်ဘဲ ကိုယ့်အိမ်ရဲ့ အိမ်သားအဖြစ်၊ ကိုယ့်စိုက်ပျိုးရေးလုပ်ငန်း ရဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေအဖြစ် ထားခဲ့ကြတဲ့ ခေတ်တခေတ်ကို လွမ်းမိပါတယ်။သူတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေ ကတောင် အရမ်းအသုံး၀င်တဲ့ သဘာ၀မြေဩဇာ ဖြစ်ခဲ့ကြတာလေ။ (Harvest Queen)”

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page