တချိန်က နာမည်ကြီး မင်းသား လင်းထင် ရုပ်ရှင်လောကမှ ရုတ်တရက် ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်း

ရှုမဝရုပ်ရှင်ကနေ စင်တင် ပေးလိုက်တဲ့ မင်းသားလင်းထင်ဟာ မြန်မာမင်းသားတွေကြား အင်မတန် ရှားရှားပါးပါး Method Acting လို့ခေါ်တဲ့ နည်းစနစ်နဲ့ သရုပ်ဆောင်တတ်သူ ဖြစ်တယ်လို့ သိရပါတယ်။

ရှုမဝဦးကျော် ရဲ့ သင်ကြားမှုနဲ့ Method Acting ကို ပိုင်နိုင်ကြတဲ့ လင်းထင်၊ ဇော်ဝမ်း တို့ တပြိုင်တည်းလိုလို အောင်မြင်လာခဲ့ကြတာ ဖြစ်ပါတယ်။ လင်းထင်ရဲ့ ပွဲဦးထွက် “စေလိုရာစေ” မှာ ဇော်ဝမ်းက မင်းသား၊ လင်းထင်က ဗီလိန် ဖြစ်ပေမယ့်လည်း နောက်ပိုင်း မင်းသားနေရာက သရုပ်ဆောင်တဲ့ ကားတွေမှာလည်း ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဘယ်ပန်းချီရေးလို့မမီ” ဇာတ်ကားကတော့ လင်းထင်ရဲ့ မာစတာပိစ်လို့ ခေါ်ရလောက်တဲ့ ဂန္ထဝင်တွင်လောက်အောင် အကောင်းဇာတ်ကားလို့ ပြောနိုင်ပြီး သူတစ်ယောက်တည်း အောင်မြင်ခဲ့တာ တင်မက ဇာတ်လမ်း၊ ဇာတ်ပို့၊ မင်းသမီး အားလုံး အပြောင်မြောက်ဆုံး သရုပ်ဆောင်ခဲ့ကြပြီး ဇာတ်ဝင်သီချင်းပါ ခေတ်အဆက်ဆက် တင်ကျန် နိုင်ရစ်ပါတယ်။

ရှားပါးတဲ့ Method Actor လင်းထင် နောက်ပိုင်းအထိ ဘာဖြစ်လို့ ပါမလာခဲ့လဲ ဆိုတာကို ကိုဇာဂနာ ပြန်ပြောင်း ပြောတာကတော့ ၈၈ ကာလ နောက်ပိုင်း စစ်အစိုးရ အဆက်ဆက်လက်ထက် ရုပ်ရှင်မရိုက်တော့ဖို့ လင်းထင်က သူ့ဆုံးဖြတ်ချက်နဲ့သူ ခိုင်ခိုင်မာမာ ရပ်တည်နေထိုင် သွားတာလို့ ဆိုပါတယ်။

နိုင်ငံတကာရုပ်ရှင်တွေနဲ့ မကွယ်လွန်ခင် အချိန်ထိ အမြဲ ထိတွေ့ ကျွမ်းဝင်ခဲ့ပေမယ့်လည်း ရုပ်ရှင်လောကထဲ ပြန်ဝင် လာအောင်တော့ တိုက်တွန်းလို့ မရနိုင်ခဲ့ဘူးလို့ ကိုဇာဂနာ ပြောပါတယ်။ ၁၉၇ဝ-ပြည့်ကျော် နှစ်တွေမှာ မြန်မာ့ရုပ်ရှင် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားလွှမ်းမိုးခဲ့တဲ့ သရုပ်ဆောင် မင်းသားတစ်ယောက်ဖြစ်တဲ့ လင်းထင်ဟာ အသက် ( ၇၁ ) နှစ် အရွယ်၊ မန္တလေးမြို့နေအိမ်မှာ ၂၀၁၈-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃-ရက်နေ့၊ ညပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page