ကြံတောသင်္ချိုင်းက ရုပ်ရှင်မင်းသားကြီး ဝင်းဦးရဲ့ အုတ်ဂူကို ပြန်လည်တူးဖော်ခဲ့ရတဲ့ အကြောင်းရင်း

ကြံတောသုဿာန် ပြောင်းရွှေ့တုန်းက ရုပ်ရှင်မင်းသားကြီး ဝင်းဦးရဲ့ အုတ်ဂူကို ပြန်လည်တူးဖော်ခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်-

ဝင်းဦးအလောင်းကြီးကို ဖော်လိုက်သောအခါ၊ ကြံတောသုဿန်ရွှေ့တယ်ဆိုတာ ဘာမှမဆန်းပါဘူး။ သင်္ခါရ ပဲ။ အတိုချုပ်ပြောရရင်တော့ မြို့ပြအင်္ဂါရပ်နဲ့ မညီလို့ပါပဲ။

အဲတော့ ထုံးစံအတိုင်း ရွှေ့ကြပြောင်းကြရတဲ့အခါ ကြံတောမှာ အခြေစိုက် ကျနေတဲ့သူတွေထဲက အနုပညာရှင်တွေလည်း သင်္ခါရသဘောနဲ့ အများနည်းတူ ရွေ့ကြရ ပြောင်းကြရတော့တာပါပဲ။ ကျန်ရစ်သူတွေက ပြည်သူချစ် အနုပညာရှင်တွေဆိုတော့ကာ အလောင်းတွေပြန်ဖော်ကြမယ် ရွှေ့ကြမယ် ပြီးတော့ စိတ်ဝင်တစားဖြစ်ကြတယ်။

ဝင်းဦးရဲ့ အုတ်ဂူကိုရွှေတော့ ဒေါ်အိုင်ရင်းတင်လှ တစ်ယောက်ထဲရယ်။ ဝင်းဦးကိုချစ်လှပါတယ်ဆိုတဲ့သူတွေ တယောက်မှမတွေ့ရဘူး။ ဝင်းဦးအလွမ်းပြေဆိုနေကြတဲ့သူတွေလည်း မရောက်လာဘူး၊ တကယ်စိတ်ဝင်စားတာက ကြံတောက ပရိသတ်ပါပဲ။

ဝင်းဦး အလောင်းဖော်မယ်ဆိုကတည်းက နေ့စဉ်လာစောင့်နေကြတယ်။ ဒေါ်အိုင်ရင်းတင်လှ ကိုယ်တိုင်လည်း သူချစ်တဲ့ သူ့အစ်ကိုဝင်းဦးအလောင်းကို ဘယ်လိုနေမလဲ ကြည့်ချင်နေရှာတယ်။ သူ့အစ်ကို အလောင်းကိုဖော်ရင် ဘယ်လိုပေါ်လာမလဲ။ (၈) နှစ်အတွင်း ဘယ်လိုဖြစ်သွားမလဲ သူစိတ်ဝင်စားနေတယ်။

ပရိသတ်ကလည်း ဒါပဲသိချင်တယ်။ ဝင်းဦးအလောင်းကို မြုပ်ကတည်းက ကွန်ကရစ် လောင်းထည့်လိုက်တော့ တော်တော်ဖော်ယူရတယ်။ ဖော်တဲ့သူတွေမှာလည်း “ကိုဝင်းဦးရယ် အပေါ်ရောက်အောင် ကူစမ်းပါ” လို့ကို ပြောယူရတယ်။

ဝင်းဦးအခေါင်းလည်း ပေါ်လာရော အားလုံးဝိုင်းကြည့်ကြတယ်။ အခေါင်းဖွင့်လိုက်တော့။ သင်္ခါရဆိုတာ ဒါပါပဲလား ။ ရေဝေးရောက်တော့ ဒေါ်အိုင်ရင်းတင်လှက ဝင်းဦးရဲ့ အရိုးစုပေါ်မှာ နှင်းဆီပန်းအနီလေး နောက်ဆုံးတင်ပေးလိုက်ရှာတယ်။ ဝင်းဦးတော့ ရေဝေးသုဿန်မှာ အနေဝေးလို့ ကျန်ခဲ့ပြီ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page