အများသုံး အိမ်သာတံခါးတွေက ဘာလို့ ကြမ်းပြင်ထိ မရောက်တာလဲ…?

အများသုံး အိမ်သာတံခါးတွေက ဘာလို့ ကြမ်းပြင်ထိ မရောက်တာလဲ…?

သင့်အနေနဲ့ အများသုံးအိမ်သာတွေနဲ့ ပတ်သတ်ပြီးသေချာပေါက် တွေးမိမှာကတော့ ? အရမ်း ညစ်ပတ်တယ် ရွံစရာကောင်းတယ် စတာတွေပါ၊ နောက်တခုအနေနဲ့ အများသုံးအိမ်သာ တံခါးတွေက ဘာလို့ ကြမ်းပြင်ထိ အလုံမပိတ်ထားသလဲ ဆိုတာရော ပရိတ်သတ်တို့ အနေနဲ့တွေးမိပါသလား ။ အဲဒီလို မပိတ်ထားရခြင်းအတွက် အကျိုးအကြောင်းခိုင်လုံတဲ့ အချက်တွေအများကြီး ရှိပါတယ်။

အဲ့ဒါတွေကတော့အကယ်၍ လူတစ်ယောက်ဟာ အလုံပိတ်ထားတဲ့ အိမ်သာခန်းထဲမှာ သတိလစ်သွားရင် အပြင်က ဘယ်သူကမှ သတိမပြု နိုင်ဘဲ အခြားလူတစ်ယောက်ယောက်က လာကယ်ဖို့ နာရီအနည်းငယ် ကြာမြင့်ပါလိမ့်မယ်။ တကယ်လို့ အိမ်သာတံခါးနဲ့ ကြမ်းပြင်နဲ့ကြားမှာ ဟ နေမယ်ဆိုရင် အပြင်ကလူတွေက အိမ်သာထဲမှာမေ့လဲနေတဲ့လူကို သတိထားမိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဆေးဝန်ထမ်းတွေ ရောက်လာတဲ့ အခါမှာလည်း အိမ်သာတံခါးကို ရိုက်ဖွင့်ဖို့ မလိုအပ်ပဲ အောက်ကနေ လျှိုဝင်ပြီး တံခါးကို အထဲကနေ ဖွင့်လိုက်နိုင်ပါတယ်။

ဒါ့အပြင် အပြင်ကနေပြီး အထဲမှာ လူရှိမရှိ မြင်နိုင်တဲ့အတွက်လူရှိတဲ့ အိမ်သာခန်းကို သွားဆွဲဖွင့်နေတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ နောက်တစ်ချက်အနေနဲ့ကတော့ အလုံပိတ်ထားတဲ့ တံခါးတွေက မမေ့လောက်နိုင်စရာ အနံ့အသက်ဆိုးဝါးတဲ့ လေထုကို ဖန်တီးပေး ပါတယ်။ ဒါကြောင့်အောက်ခြေလွတ်ထားတဲ့ တံခါးတွေက လေဝင် လေထွက်ပိုကောင်းတဲ့ အတွက် ဆိုးဝါးတဲ့ အနံ့အသက်တွေကို မြန်မြန်ပျောက်စေပါတယ်။ ဒါ့အပြင် အသိသာဆုံးအချက်ကတော့ အောက်ခြေလွှတ်ထားတဲ့ တံခါးတွေက ငွေကြေးအကုန်အကျ ပိုသက်သာစေပါတယ်။ သူက အောက်ခြေကို အလုံပိတ်ထားစရာ မလိုတဲ့အတွက် အဲ့ဒီနေရာကိုသတ္ထုသုံးစရာမလိုတော့ပါဘူး။ ဒါကြောင့် သတ္ထုဖိုး အကုန်သက်သာပါတယ်။ ဒါက စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အဓိက ကြည့်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တံခါးအပြည့်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပိုပြီး အားစိုက်ထုတ်ရမှာဖြစ်ပြီးတော့ နံရံတွေ မျက်နှာကျက်တွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ အတွက် တိတိကျကျ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါက စီးပွားရေးဆိုင်ရာ ကုန်ကျမှုတွေ ပိုမိုများပြားလာစေပါတယ်။ အောက်ခြေလွှတ်ထားတဲ့ တံခါးတွေက စိတ်ပညာရပ်အရအိမ်သာထဲမှာ မသင့်လျော်တဲ့ အပြုအမူတွေလုပ်တာကို ဟန့်တားစေနိုင်ပါတယ်။ အလုံပိတ်ထားတဲ့ တံခါးအတွင်းမှာဆို ဘယ်သူကမှ ကိုယ်လုပ်နေတာ ကို မမြင်နိုင်တဲ့အတွက် နံရံမှာ Graffiti ဆွဲတာ အခြားတခုခု အန္တရာယ် ရှိတာတွေကိုလုပ်တာ အစရှိသဖြင့် စဉ်းစားနိုင်ပါတယ်။

အကယ်၍ သင်သာ အလုံပိတ်အိမ်သာထဲမှာ ပိတ်မိနေမယ်ဆိုရင် အပြင်က အကူအညီရဖို့ စောင့်နေရမှာပဲဖြစ်ပါတယ်။ အောက်ခြေ လွတ်ထားတဲ့ တံခါးတွေမှာဆိုရင်တော့ သင်ဟာ ဟထားတဲ့ အောက်ခြေကနေ အသာလေး လျှောထွက်နိုင်ပါတယ်။ နောက်ပီး အများသုံးအိမ်သာထဲမှာ သင်ဟာအလေးသွားပြီးမှ အိမ်သာထဲမှာ တစ်ရှူးမရှိဘူးဆိုတဲ့ အိပ်မက်ဆိုးလို အခြေအနေမျိုးကို စဉ်းစားကြည့်လိုက်ပါ။

ကံမကောင်းစွာနဲ့ပဲ သင်ဟာ အပြည့်ပိတ်ထားတဲ့ တံခါးအတွင်းမှာ ဆိုရင်တော့ သင့်ကို ဘယ်သူကမှကယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်ခြေကို လွှတ်ထားတဲ့ တံခါးနဲ့ဆိုရင်တော့ သင်ဟာ သင့်အရှက် သိက္ခာတွေကို ဘေးချိတ်ပြီး ဖြတ်သွားဖြတ်လာ တစ်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။

ဒါကြောင့်အလုံပိတ်ထားတဲ့ အိမ်သာတံခါးတွေဟာ လူတွေကို သက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်မျိုးပေးပါတယ်။ ဒါကြောင့် လူတွေဟာ အချိန်ဘယ်လောက်ရှိပြီ အပြင်မှာ လူတွေဘယ်နှစ်ယောက် လောက် စောင့်နေကြတယ်ဆိုတာတွေကို ဂရုမထားတော့ပဲ သူတို့ကိစ္စ ကိုသာ သူတို့အာရုံစိုက်နေတတ်ကြပါတယ်။ အများသုံးအိမ်သာတံခါးကို အောက်ဘက်မှာ လွတ်ထားရခြင်းရဲ့ အသိသာဆုံးအကြောင်းရင်း တစ်ချက်ကတော့ သန့်ရှင်းရေးသမားတွေအတွက် သန့်ရှင်းရေး လုပ်ရ လွယ်ကူဖို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ခန်းဝင် တစ်ခန်းထွက် အဖွင့် အပိတ်လုပ်ရင်း သန့်ရှင်းဖို့ မလိုဘဲ သူတို့ရဲ့ တံမြက်စည်းတံကို အောက်ခြေကနေ လျှိုဝင်လိုက်ပြီး သန့်ရှင်းရေးလုပ်နိုင်တဲ့ အတွက် အချိန်ကုန်သက်သာစေပါတယ်ခဗျာ။

Writer – Min Thu (XYZ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page