ရုပ်ရှင်မိတ်ဆက်ပွဲတောင် မတက်နိုင်ကြတော့တဲ့ လွှမ်းပိုင်နဲ့ နော်ဖောအယ်ထား (ထင်တဲ့ အတိုင်းပဲလား)

ဒယ်လီတက္ကစီအချစ်ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း သျှားသီမောင်၊ ဇာတ်ညွှန်းဒီထက်အောင်က ရေးသားကာ ၊ဒါရိုက်တာပြည့်ဟိန်းသီဟ ရိုက်ကူးပုံဖော်ရိုက်ကူးပြီး မွန်းမြန်မာမီဒီယာမှ ထုတ်လုပ်ရိုက်ကူးတဲ့ ဒယ်လီတက္ကစီအချစ်ဇာတ်ကား အထူးမိတ်ဆက်ပွဲကို ဇန်နဝါရီ (၂) ရက်နေ့ ရန်ကုန်မြို့ မင်္ဂလာတာမွေရုပ်ရှင်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲကို သရုပ်ဆောင်ရှင်မွေလနဲ့ ဇာတ်ပို့ဇာတ်ရံတစ်ချို့သာ တတ်ရောက်ခဲ့ကာ အဓိက ဇာတ်ဆောင်လွှမ်းပိုင်နဲ့ နော်ဖောအယ်ထားတို့ ၂ ဦးကတော့ တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ကောလာဟလများကြောင့် မတက်တာလား၊ နှစ်ယောက်သား မရိုးသားကြလို့ မတက်တာလား ဆိုတာကတော့ ကာယကံရှင်များ ကိုယ်တိုင်ပဲ သိမှာ ဖြစ်ကြောင်း ပရိသတ်များက ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အဆိုတော် လွှမ်းပိုင်က (၁၃) နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူ ထက်ထက်ကို နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီးနောက် အဆိုပါ ကောလာဟလများ ပရိသတ်များအကြား ပျံ့နှံ့လာခြင်း ဖြစ်ပါတယ်။

ယခုလို အဖြစ်အပျက်မျိုးဟာ သာမန်လူတွေအဖို့ မထူးဆန်းပေမယ့်လည်း လူသိများ ကျော်ကြားတဲ့ သူတွေမှာတော့ လူပြောများစရာ သတင်းတပုဒ် ဖြစ်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း လွန်လွန်ကဲကဲ စိတ်ဝင်စားကြဖို့ မလိုအပ်ဘဲ တခြား အရေးကြီးတဲ့ ကိစ္စတွေကို ပိုမို အာရုံစိုက်ဖို့ လိုအပ်ကြောင်း ပြည်သူတချို့က မှတ်ချက်ပေးထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page