ထိုင်းလေဆိပ်မှာ သယ်ဆောင်သွားခွင့်မပြုတဲ့ ပစ္စည်းများ (ရွှေမြန်မာတွေ သိထားသင့်ပါတယ်)

ထိုင်းနိုင်ငံ လေဆိပ်တွေမှာ သယ်ဆောင်သွားခွင့်မပြုတဲ့ ပစ္စည်းများ။ ထိုင်း လေဆိပ်မှာ မြန်မာတွေအကြိုက်ဖြစ်တဲ့ ရှောက်သီး ၊ ဝက်အူချောင်း ၊ အသားစိမ်း ၊ ကွမ်းစားဆေး ၊ ဗာလချောင်ကြော် ၊ သရက်သီး၊ ပျားရည်၊ နှမ်းဆီ စသဖြင့် လက်ဆောင်ပေးဖို့ တစ်နိုင်တစ်ပိုင်သယ်ရင်းလေဆိပ်မှာတစ်ချို့ အဖမ်းခံရပြီး ဒဏ်ကြေးပေးဆောင်နေရတဲ့ သူတွေအများအပြားရှိကြပါတယ်။

တချို့က သတင်းစာစက္ကူ၊ ခဲပါတ် လေလုံအောင်ပိတ်ပြီး သယ်ဖို့ကြိုးစားကြပေမဲ့ သူ့နိုင်ငံထဲ ဝင်တဲ့အခါ တတ်နိုင်သလောက် ဥပဒေမချိုးဖောက်ကြတာကောင်းပါတယ်။ ဥပဒေမှာ ကျနော်၊ ကျမ မသိလို့ပါလို့ ပြောလို့မရသလို ချက်ခြင်းအရေးယူခံရမှာ ဖြစ်လို့ ထိုင်းလေဆိပ်မှာ အခက်တွေ့စေနိုင်တဲ့ ယူဆောင်သွားမရနိုင်သော ပစ္စည်းများကို ပုံမှန်အားဖြင့် ၄ မျိုးခွဲခြားဖော်ပြပေးလိုက်ပါတယ်။

CAAT အရပ်ဘက် လေကြောင်းအာဏာပိုင်များမှ ခွင့်မပြုသောပစ္စည်းများ – လေယာဉ်ပေါ်တွင်သယ်ဆောင်သွား၍ မရနိုင်သောကန့်သတ်ပစ္စည်းများ၊ Custom အကောက်ခွန်ဝန်ကြီးဌာနမှ ကန့်သတ် ထားသောကုန်များ၊ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဌာန၏ ခွင့်ပြုချက်လိုသောပစ္စည်းများ စသတို့ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ CAAT (အရပ်ဘက်လေကြောင်းအာဏာပိုင်) များ တိုးမြှင့်ထုတ်ပြန်ထားသော ၁၀၀ မီလီမီတာထက်ပို၍ သယ်ဆောင်မရသော ပစ္စည်းများ – သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ခရင်မ် ၊ လိုးရှင်း ရေ ၊ အချိုရည်၊ ရေချိုးဆပ်ပြာ ဆီ ၊ ငံပြာရည် ၊ စွပ်ပြုတ် ၊ ဆော့စ့် ၊ ယိုစုံများ ရေမွှေး ၊ စပရေး ၊ နူတ်ခမ်းနီ ၊ နူတ်ခမ်းဆိုးအဆီ အလှကုန် ၊ အမြုပ်များ အစရှိသဖြင့်ဖော်ပြပါ တားမြစ်ကန့် သတ်ချက်တွေဟာ ထိုင်းနိုင်ငံရဲ့ CAAT အာဏာပိုင် လက်အောက်က လေဆိပ် ၂၈ ခုစလုံးမှာ အကျုံးဝင် တယ်လို့ လည်း သိရပါတယ်။

ဘေးကင်းလုံခြုံရေးအတွက် ခရီးသည်များ၏ Luggage ခရီးဆောင်အိပ်ထဲသို့ ယူဆောင်သွားခွင့် မရှိသောပစ္စည်းများ – E-Mosquito/ လျှပ်စစ်ခြင်ရိုက်ဘတ်တံ၊ လျှပ်စစ်ပစ္စည်းများ ပေါက်ကွဲစေတတ်ပြီး မီးလောင်လွယ်တဲ့ပစ္စည်း၊ မလောင်ကျွမ်းနိုင်တဲ့ ဓာတ်ငွေ့တွေဖြစ်တဲ့ အေရိုဆောလ် ဆေးရည်၊ ဗြူတိန်း ဓာတ်ငွေ့ အအေးခန်းဓာတ်ငွေ့ဖြစ်တဲ့ Aqualung ဆလင်ဒါတွေနဲ့ နိုက်ထရိုဂျင် အရည်များ၊ သုတ်ဆေးနဲ့ ဆေးများ၊ မီလောင်လွယ်တဲ့အရည်များ၊ မီးခြစ်ဆံမီးခြစ်နဲ့ ဆေးပြင်းလိပ်မီးခြစ်လိုမျိုး မီးလောင်လွယ်တဲ့ ပစ္စည်းများ၊

အော်ဂဲနစ်ပါ အောက်ဆိုဒ် ဓာတ်မြေသြဇာများ၊ ဆိုင်ယာနိုက်၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အဆိပ်သင့်ဓာတုပစ္စည်းများ၊ ရေဒီယို သတ္တိကြွပစ္စည်းများ၊ ဇီဝထုတ်ကုန်များ၊ အက်ဆစ်၊ အယ်ကာလီ၊မာကျူရီ၊ သာမိုမီတာများ လစ်သီယံ ဘက်ထရီများ စတာတွေကို ခရီးဆောင်အိတ်အတွင်း သယ်ဆောင် သွားခွင့်ကို မပြုပါဘူး။

အကောက်ခွန်ဝန်ကြီးဌာနက သတ်မှတ်ပြဌာန်းထားတဲ့ ထိုင်းနိုင်ငံထဲ တင်သွင်းခြင်း၊ နိုင်ငံပြင်ပ တင်ပို့ခြင်းခွင့်မပြုတဲ့ တားမြစ်ထားတဲ့ပစ္စည်းတွေမှာလည်း အောက်ပါ အတိုင်းဖြစ်ပါတယ်။ တားမြစ်ကုန်ပစ္စည်းများ – နီကိုတင်း၊ မူး-စ်ဆေးဝါး၊ ဆေးခြောက်၊ လျှော်ပင်၊ -ိန်း၊ ကို-င်း၊ မော်ဟင်း၊ ဟီရို-င်း၊ ညစ်ညမ်းရုပ်ရှင်၊ ဗွီဒီယို၊ စာပေ၊ တိပ်ခွေ၊ ရုပ်ပုံများ အမှတ်တံဆိပ်အတုကုန်ပစ္စည်းတွေ၊ IPR ချိုးဖောက်ထားတဲ့ ကုန်ပစ္စည်းတွေ၊ ငွေစက္ကူအတု ဒါမှ မဟုတ် အကြွေစေ့တွေ၊ ငွေချေးစာချုပ်စာတမ်းများ၊ ခိုးကူး၊ မူပိုင်ခွင့်ချိုးဖျက်ထားတဲ့ ကုန်ပစ္စည်းတွေ၊ (တိပ်၊ စီဒီ၊ ဗီဒီယို၊ ကွန်ပျူတာဆော့ဝဲ) တောရိုင်းတိရစ္ဆာန်များ၊ ရှားပါးမျိုးစိတ် တိရစ္ဆာန်တွေတို့ ဖြစ်ကြပါတယ်။

တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံထဲ တင်သွင်း၊ တင်ပို့ခြင်း ကျူးလွန်သူအား သက်ဆိုင်ရာ နိုင်ငံတော်ဥပဒေမှာ ဖော်ပြထားတဲ့ ပြစ်ဒဏ် ချမှတ်ခံရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုချက်နဲ့ လိုင်စင်လျှောက်ထားဖို့ လိုအပ်တဲ့ကုန်ပစ္စည်း အမျိုးအစားများ ကန့်သတ်ကုန်ပစ္စည်းများ – ဘုရားရုပ်တု၊ ပုံတော်၊ ရှေးဟောင်းပစ္စည်းအမွေအနှစ်များ (အနုပညာဌာနထံ ခွင့်ပြုချက်တောင်းခံဖို့လို) လက်နက်၊ ကျည်ဆံ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လက်နက်နဲ့ အမျိုးအစားတူ ပစ္စည်းများ (ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်နယ်စီမံအုပ်ချုရေးဌာန ထံ ခွင့်ပြုချက်တောင်းခံဖို့လို)

အပင်နဲ့ စိုက်ပျိုးရေးပစ္စည်းများ (စိုက်ပျိုးရေးဦးစီးဌာန) သက်ရှိတိရစ္ဆာန်နဲ့ မျိုးစိပ်အကောင်များ (မွေးမြူးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန) အစားအသောက်နဲ့ ဆေးဝါး၊ အလှကုန်၊ ဖြည့်စွက်စာများ (အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန) စီးကရက်၊ ဆေးလိပ်နဲ့ အရက်ယမကာ (ယစ်မျိုးဌာန) ဆက်သွယ်ရေး၊ ရေဒီယို၊ တယ်လီကွန်မြူနီကေးရှင်းပစ္စည်းအသုံးအဆောင်များ (အမျိုးသား ရုပ်သံလွှင့်နဲ့ တယ်လီကွန်မြူနီကေးရှင်း ကော်မရှင်ရုံး) စသဖြင့် သွင်းကုန်နဲ့ ပို့ကုန်တွေကို ဥပဒေအရ ကန့်သတ်ထားပြီး အမျိုးအစားတွေကို သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုချက်နဲ့ လိုင်စင်တောင်းခံဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဘန်ကောက်လမ်းညွန်ကိုစိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page