ကြွားလိုတဲ့ သဘောနဲ့ သစ်သီးတွေ ဘုရားဆွမ်းတော်ကပ်တဲ့ ကိစ္စ ဆရာတော်ကြီးတွေ ပြောကုန်ပါပြီ
ဗုဒ္ဓဘာသာဝင်တိုင်း မဖြစ်မနေသိထားသင့်ပါတယ် ဆရာတော်ကြီးတွေပြောကုန်ပြီ ဒိဋ္ဌဓမ္မကံ ထိုက်လိမ့်မယ်တဲ့
မခွဲမစိတ်ပါဘဲ သစ်သီးတွေရက်ရှည် ဘုရားရှေ့ လှူလို့ မထိုက်ပါဘူး။ သတိထားစရာပါ၊ကုသိုလ်မရရင်နေပါစေ အကုသိုလ်ကံတော့ အဖြစ်မခံနိုင်ပါ။
ကျွန်ုပ် – ဒကာ အဲ့ဒါ ဘာလုပ်ဖို့လဲ ။ ဒကာ – ကန်တော့ပွဲ ဘုရား ။ ကျွန်ုပ် – ကန်တော့ပွဲတော့ ကျုပ်လည်း မြင်တာပေါ့ ၊ ဘာလုပ်ဖို့လဲလို့ မေးတာ ဒကာရဲ့။ ဒကာ – သာသနာပွဲ လေ၊ ဘုရားရှေ့မှာ ထားမလို့ဘုရား
ကျွန်ုပ် – ဒါဆို မထားနဲ့ ပြန်ယူသွားတော့ သာသနာ ဆိုတာ အဆုံးအမကို ပြောတာ သာသနာ ကို လေးစားရင် ဘုရားအဆုံးအမအတိုင်းနေ၊ ဒကာ – လူကြီးတွေက ထားခိုင်းလို့ပါ ဘုရား
ကျွန်ုပ် – အဲဒီလူကြီးဆိုတဲ့ လူကြီးတွေကို ပြောလိုက်ပါ တို့ဘုရားက ညနေစာ မဘုဉ်းပေးဘူး အုန်းသီး ငှက်ပျောသီးဆိုတာ စားစရာတွေ ဖြစ်တဲ့အတွက် ဘုရားရှေ့မှာ ရက်ရှည်လများ အကြာကြီး မထားနဲ့ လုံးဝ မသင့်တော်ဘူး အားလုံး ဒိဋ္ဌဓမ္မကံ တွေ ထိုက်ကုန်လိမ့်မယ်လို့
ဒကာ – တင်ပါ့ တပည့်တော် ပြန်ပြော လိုက်ပါ့မယ် ဘုရား။ မှတ်ချက် မခွဲ မခြမ်း အလုံးလိုက် သစ်သီးများကို ရဟန်းတော်များ ကိုယ်တိုင် ခွဲခြမ်း၍ မသုံးဆောင်အပ်ပါ သုံးဆောင်လျှင် အာပတ် သင့်၏
အကယ်၍ သစ်သီးများ ကပ်လှူလိုလျှင် သုံးဆောင်နိုင်လောက်သော အတုံးကလေးများ ပြုလုပ်၍သာ ကပ်လှူကောင်းပါသည် ငှက်ပျောသီးကဲ့သို့ မှည့်မှ စား၍ရသော အသီးများကို အစိမ်းသက်သက် အခိုင်လိုက်ဘုရားခန်းတွင် မကပ်လှူအပ်ပါ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)