အိမ်လခ ၃၅၀၀၀ မပေးနိုင်လို့ ပန်းရံ အချိန်ပိုင်း သွားလုပ်နေရတဲ့ အဖွား
“အဖွား အိပ်ငိုက်နေတာလား” “မဟုတ်ပါဘူး သားရယ် မနက်က ပန်းရံ အချိန်ပိုင်းသွားလုပ်တာ တိုက်တွေတက်ရတော့ ပင်ပန်းသွားလို့ပါ ပြီးတော့ သွေးလဲတိုးနေတယ်”
“ဟင် အဖွားက ပန်းရံသွားလုပ်နေတာလား..” “အိမ်လစာ ပေးဖို့ မပြည့်တော့ အလုပ်သွားစပ်တာပါ ၊ ဟိုကအသက်ကြီးနေတော့ မလုပ်နိုင်လောက်ဘူးဆိုပြီး လမ်းစရိတ်ပေးပြီး ပြန်လွှတ်လိုက်တယ်…”
“ဒါဆိုအဖွား တစ်မနက်လုံးပန်းရံလုပ်နေတာပေါ့..” “နှစ်ခေါက်လောက်ဘဲ တက်နိုင်ပါတယ်သားရယ်.. အဆင်မပြေတော့ ပြန်လာရတာပေါ့…” “အိမ်လစာကရော ဘယ်လောက်လဲအဖွား..” “တစ်လ ၃၅၀၀၀ ပါ အခု ၂၀၀၀၀ ဘဲ ပေးနိုင်သေးတယ်… ကျန်တာ အခုထိမပေးရသေးဘူး…”
“ကဲ ဒါဆိုအဖွားဆီက အားပေးမယ်နော် ဂျင်းတစ်ပုံ ဘယ်လောက်လဲ..အဖွား..” “၃၀၀ ပါ သား …” “ဒါဆို သား ဂျင်း(၃)ပုံ အားပေးလိုက်မယ်နော် ရော့ ဒါ ဂျင်း(၃)ပုံ စာ အတွက်…” “ဟာ သား ပိုက်ဆံတွေက အများကြီးဘဲ…” “၁၅၀၀၀၀ ကျပ် ပါ အဖွား… အဖွား အခက်အခဲကို ကူညီဖြေရှင်းပေးပါရစေ..”
“ကျေးဇူးတင်ပါတယ် သားရယ်…” ပြောရင်းနဲ့ ဝမ်းသာမျက်ရည်တွေ ကျလာတဲ့ အဖွားကို ကြည့်ပြီး ကျွန်တော် အဖွားရှေ့စရောက်ကတည်းက စိတ်ဝင်စားနေကြတဲ့ စျေးသူစျေးသားတွေနဲ့စျေးသွားစျေးလာတွေအားလုံး ဝမ်းသာမျက်ရည်/ ဝမ်းသာပီတိတွေ ကူးစက်ခဲ့ကြပါတယ် ။
အဖွားရဲ့ အခက်အခဲကို လာပြောပြပေးတဲ့ အစ်မ Słiłch MOez နဲ့ အစ်မ Myat Su San ကို ကျေးဇူးပါခင်ဗျာ။ ကျွန်တော်လှူချင်သော သက်ကြီးဖိုးဖွားများကို ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကိုလဲ ကျေးဇူး အထူးတင်လျက်ပါ။
မိုးစက်