မြန်မာပြည်မှာ တောဘုရင် ခြင်္သေ့တွေ တကယ် ရှိ/မရှိ ဆိုတဲ့ မေးခွန်းရဲ့ သိပ္ပံနည်းကျ အဖြေ

ခြင်္သေ့သည် ပင်သီရာ လီအို မျိုးစိတ် (Panthera Leo) ဖြစ်၍ ကြောင်ကြီးမျိုးဖြစ်ပြီး၊ ကြောင်မျိုးရင်းဝင်များထဲ၌ ကျားပြီးလျှင် ဒုတိယအကြီးဆုံး ကြောင်မျိုးရင်းဝင်လည်းဖြစ်သည်။

ယခင်က အာရှတိုက်တွင်နေထိုင်ခဲ့ကြသည်ဟု ခန့်မှန်းရသော်လည်း အရေအတွက်လျင်မြန်စွာ တိုးပွားလာသော ကျားတို့ကြောင့် အာဖရိကတိုက်ဖက်သို့ ပြောင်းရွှေ့သွားကြသည်ဟု ယူဆရသည်။ ယခုအခါ အာဖရိကတိုက်တွင်သာ တွေ့နိုင်တော့သည်။

ခြင်္သေ့သည် ကျားထက်အရွယ်ငယ်သည်။ အကြီးဆုံး ခြင်္သေ့သည် အကြီးဆုံး ကျားထက် သေးငယ်သည်။ ခြင်္သေ့သည် တောဘုရင်ဖြစ်သည့်အားလျော်စွာ လွန်စွာဣန္ဒြေကြီးသည်။ ခြင်္သေ့သည် လွင်ပြင်တွင်ကျက်စားရန် သင့်လျော်သော သဘာဝရှိပြီး ကျားမှာမူ တောနက်ထဲတွင်ကျက်စားရန် သင့်လျော်သော သဘာဝရှိသည်။

ကျား နှင့် ခြင်္သေ့သည် မျိုးနွယ်တူသောကြောင့် မျိုးစပ်နိုင်သည်။ အဖက ကျား၊ အမိက ခြင်္သေ့ဖြစ်လျှင် ကျားခြင်္သေ့ ဟုခေါ်ပြီး အဖက ခြင်္သေ့၊ အမိက ကျားဖြစ်လျှင် ခြင်္သေ့ကျားဟု ခေါ်သည်။

အထက်တွင် ဖော်ပြထားတဲ့ ပုံအရ အနီရောင်ပြထားတဲ့ ဒေသတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခြင်္သေ့များ ကျက်စားခဲ့ရာ နေရာများဖြစ်ပြီး အပြာရောင်ကတော့ လက်ရှိနေထိုင်နေကြတဲ့ နေရာတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာ့ပညာရှင်များ ပြောကြားချက်အရ မြန်မာပြည်ဖြစ်လာမယ့် ဒေသမှာ မည်သည့်အခါကမှ ခြင်္သေ့များ နေထိုင် ကျက်စားတာ မတွေ့ရသေးပါဘူး။ အမှန်တကယ် နေထိုင်ကျက်စားခဲ့မယ်ဆိုပါက အရိုးများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ တူးဖော် တွေ့ရှိခဲ့ရမှာ ဖြစ်ပါတယ်။

မြန်မာ့ရာဇဝင်ထဲမှာ ပါဝင်တဲ့ ခြင်္သေ့အကြောင်းအရာများကလည်း ယခင် သီဟိုဠ်ပြည် (ယခု သီရိလင်္ကာနိုင်ငံ) နဲ့ အိန္ဒိယနိုင်ငံ ဟိန္ဒူယဉ်ကျေးမှုကနေ ဆင်းသက်လာတဲ့ စာတွေ့ ခြင်္သေ့ အကြောင်းအရာများသာ ဖြစ်ပါတယ်။

ယခု စင်ကာပူနိုင်ငံရဲ့ အမည်ဟာ သင်္သကရိုက် ဘာသာစကားနဲ့ ဆင်္ဂပူရ (ခြင်္သေ့မြို့တော်) ဖြစ်ပြီး ဟိန္ဒူယဉ်ကျေးမှုကနေ ယူထားတဲ့ နာမည်ပဲ ဖြစ်ပါတယ်။ အလားတူ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့ဆီမှာလည်း ခြင်္သေ့နဲ့ ပတ်သက်ပြီး အိန္ဒိယ ယဉ်ကျေးမှုကနေ စာတွေ့ ယူထားကြတာတွေပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် မြန်မာတွေရဲ့ စာပေကျမ်းဂန်တွေထဲမှာ ပါတဲ့ ခြင်္သေ့အကြောင်းအရာနဲ့ ပုံတွေဟာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ရုပ်တု၊ ပန်းချီတွေနဲ့ ပါးစပ်ပြော ပုံသဏ္ဍာန်တွေ သာ ဖြစ်ပါတယ်။

အင်္ဂလိပ်တွေက အာဖရိကနဲ့ အိန္ဒိယကနေ ရိုက်ယူလာတဲ့ ခြင်္သေ့ဓာတ်ပုံကို ပြမှသာ တကယ့်ခြင်္သေ့အစစ်ကို မြန်မာတို့ စတင်တွေ့ဖူးခဲ့ကြတာ ဖြစ်ကြောင်း သိပ္ပံနည်လမ်းကျ သက်သေအထောက်များဖြင့် ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page