ဖျက်မြင်း ခရိုအေးရှားရဲ့ ခွာသံအောက်မှာ ကျရှုံးသွားရတဲ့ ကမ္ဘာ့ဖလား ဘုရင်ကြီး ဘရာဇီး
ယနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ အစဉ်အလာ ကြီးမားတဲ့ ဘရာဇီးအသင်းဟာ အရှေ့ဥရောပရဲ့ ဖျက်မြင်းအသင်းဖြစ်တဲ့ ခရိုအေးရှားရဲ့ ခွာသံတွေ အောက်မှာ ကျဆုံး သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။
မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ သရေကျနေချိန်မှာ ဘရာဇီး ကြယ်ပွင့် ဂန္ထဝင် နေမာက အချိန်ပိုမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ခရိုအေးရှားက ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာ ပင်နယ်တီ ကန်ခဲ့ရပေမယ့်လည်း ဘရာဇီးရဲ့ ဒေါင်ဒေါင်မြည် အသင်းသားတွေရဲ့ ပင်နယ်တီ ၂ လုံး မဝင်ခဲ့ခြင်းနဲ့အတူ ဘရာဇီးဟာ ကမ္ဘာ့ဖလားကနေ နှုတ်ဆက်ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ်။
ယခုပွဲမှာ ထူးခြားချက်ကတော့ ခရိုအေးရှား အသင်းဟာ လက်ရှိကစားပြီးတဲ့ ကွာတားဖိုင်နယ်အထိ (၅) ပွဲ ကစားပြီးတဲ့နောက်မှာ ကနေဒါ တသင်းကိုသာ ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကျန်တဲ့အသင်းတွေကိုတော့ မိနစ် ၉၀ အတွင်းမှာ သရေကျခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှားအနေနဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ နှစ်သင်းအနက် နိုင်တဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားရဲ့ ဘုရင် ဘရာဇီးကို အနိုင်ယူပြီးနောက်မှာ ခရိုအေးရှား အသင်းဟာ ဘယ်အသင်းကိုမှ မကြောက်တော့ဘဲ ထပ်မံတွေ့မယ့် ပြိုင်ဖက်တွေကို အနိုင်ယူနိုင်မလား ဆိုတာကတော့…