အရောင်းအဝယ် သဘောတရား မသိသေးတဲ့ အခွန်ဦးစီးမှူးကြီးနဲ့ မဝယ်ဖြစ်လိုက်တဲ့ ရွှေ ၁ ကျပ်သား

အော်… အခွန်ဦးစီးမှူးရယ်။

အခွန်ဦးစီးမှူးက အခွန်စစ်ဖို့ဆိုပြီး ရုံးခေါ်ပါတယ်။ အခွန်ဆောင်တာ နိုင်ငံသားတိုင်းရဲ့တာ၀န်ဖြစ်ကြောင်း၊ ဒါကြောင့် စာရင်းဇယားတွေကို မှန်မှန်ကန်ကန် တင်ပြဖို့လိုကြောင်း အကျယ်တ၀င့်မှာတမ်းချွေပြီးသကာလ ကျွန်တော့ကို ဘာပြောချင်ပါသလဲလို့မေးပါတယ်။

ကျွန်တော်က ၀င်ငွေခွန်ထက် ကုန်သွယ်ခွန်ဆိုတာကို အခွန်ထမ်းတွေမဆောင်ချင်ကြောင်း၊ တန်ဖိုးကြီးပစ္စည်းတွေဆိုရင်၊ ၅% ဆိုတဲ့၊ ပမာဏဟာ များပြားလွန်းကြောင်း၊ ဒါကြောင့်ရွှေဆိုင်များ အနေနဲ့ စာရင်းအမှန်ကို တင်ပြလို့ မရကြောင်း ပြန်ပြောပါတယ်။

သူက၊ ကုန်သွယ်ခွန်ဆိုတာ ဆိုင်ရှင်နဲ့မဆိုင်ကြောင်း၊ စားသုံးသူကပေးရတဲ့ သွယ်ဝိုက်ခွန်ဖြစ်ကြောင်း ဒါကြောင့်ဆိုင်ရှင်က ကောက်ခံရုံသာတာ၀န်ရှိတာပါ လို့ အရောင်းအ၀ယ် သဘောတရားကို ဘာမှမစဉ်းစားပဲ ပြန်ပြောပါတယ်။ ပြီးတော့ မေးလိုက်၊ရေးလိုက်နဲ့ အခွန်စစ်ခြင်း ပြီးသွားတာပေါ့။

ဦးစီးမှူး – ” ဆရာ၊ အခုမီးလင်းစျေးဘယ်လောက်ဖြစ်နေလဲ ” သူက မေးတယ်။ ကျွန်တော် – ” ၁၈၈၀၀၀၀” လောက်ရှိတယ်။

ဦးစီးမှူး – ၁-ကျပ်သား၀ယ်ပြီး၊ ပြန်ရောင်းရင် ဘယ်လောက်ခွါလဲ။ ကျွန်တော်- ၁ကျပ်သားဆိုရင်၊ ပေါက်စျေးနဲ့ ၃၀၀၀ ခွါပါတယ်။

ဦးစီးမှူး – ကျွန်တော် ၁-ကျပ်သား၀ယ်ရင်၊ ဆရာဘယ်လောက်လျှော့ပေးမလဲ။ ကျွန်တော် – ဦးစီးမှူးဆိုရင်၊ ၁-ကျပ်သား(ခဏစဉ်းစားလျက်) ကို၊ ၁၉၇၃၀၀၀/- ပဲပေးဗျာ၊

ဦးစီးမှူး – ဟ – ဘယ်လိုဖြစ်တာတုံး၊ဆရာရယ်။ ကျွန်တော် – အခြားသူဆိုရင်၊ ကျွန်တော်တို့ မတင်ပြလို့ရတယ်။ အခုဦးစီးမှူး ကိုယ်တိုင်ဆိုတော့ လိမ်လို့မရဘူး၊ ရွှေဘိုးက ၊၁၈၇၉၀၀၀ ကုန်သွယ်ခွန်က ၉၄၀၀၀ ဆိုတော့ အဲဒီလောက် ကျသွားတာ၊ ဒါတောင် ၁၀၀၀ လျှော့ပေးထားတာ။

ဦးစီးမှူး – ခင်ဗျား မနောက်နဲ့လေ၊ ကျွန်တော်အတည်ပြောတာ။ ကျွန်တော်- ဟာ၊ ကျွန်တော်လဲအတည်ပြောတာ၊ ကုန်သွယ်ခွန်ဆိုတာ စားသုံးသူက ပေးရတာလေ။

ဦးစီးမှူး – (ရယ်ကျဲကျဲမျက်နှာဖြင့်) အင်း.. ဒါလဲ စဉ်းစားစရာပဲ။ နောက် ဆုံကြတာပေါ့.. ယခုဆိုလျှင်၊ ရက်သတ္တ(၃)ပါတ် ကျော်လာခဲ့သည့်တိုင်၊ ကျွန်တော်၏ customer ပေါ်မလာကြောင်းပါ ခင်ဗျား။

(မှတ်ချက်။ မိမိကိုယ်တိုင် မလိုက်နာနိုင်သော အခွန်ဥပဒေကို ပြည်သူများအား လိုက်နာခိုင်းနေသည်မှာ၊ တရားမျှတမှု မရှိပါကြောင်း။)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page