ဆိုင်တွေမှာ တပွဲ တသောင်းကျော် ပေးရတဲ့ ငါးရံ့အူကို သိပ္ပံနည်းကျ ကိုင်တွယ်နည်း
ငါးရံ့အူကိုင်နည်းလေးပါ။ သေချာကိုင်တတ်သူများအတွက် မရည်ရွယ်ပါရှင်။ အူမကြီးတစ်ခုပဲခွဲရုံဖြင့် ငါးရံ့အူကိုင်နည်း မမှန်ပါနော်။ အညစ်အကြေးများနှင့် သံကောင်ပါတတ်ပါသည်။
ပထမဆုံး အူကိုသည်းခြေထုတ်ပါ။ ငါးရံ့အူရဲ့အပေါ်ပိုင်းမှာ အူကြောင်းငါးချောင်းပါပါတယ်။ အောက်တွင်ပုံပြထားပါတယ်။ အပေါ်အူချောင်းများကို ဒါးချွန်သေးသေး (သို့မဟုတ်) ကတ်ကြေးသေးသေးဖြင့် တစ်ချောင်းစီခွဲပါ။ အောက်ဘက်က အူမကြီးကိုလည်း ခွဲပါ။
ခွဲပြီးလျှင် ရေများများထဲမှာ ခွဲထားသော အူကြောင်းများထဲမှ အညစ်အကြေးများကို စတီးဇွန်းလက်ကိုင်ဖြင့် တစ်ချောင်းချင်း ခြစ်ချ၍ ရေများများဖြင့်နှစ်ခေါက်လောက်ဆေးပါ။
အသင့်ဖျော်ထားသောမန်ကျည်းရည်ပျစ်ပျစ်ကို အူချောင်းခြစ်ပြီး ဆေးထားပြီးသော အူများပေါ်သို့လောင်း၍ မန်ကျည်းနှစ်ဖြင့် သာသာလေးနယ်၍ ငါးမိနစ်ခန့်ထား၊ ပြီးလျှင်မန်ကျီးနှစ်ဖြင့်စိမ်ထားသော အူကြောင်းများကို တစ်ခုခြင်းဇွန်းကိုင်းဖြင့်ပြန်ခြစ်
နောက်ဆုံးကြိမ်ရေပြန်ဆေး၍ ရေစစ်ထားပြီးလျှင် အရသာနယ်ပါ။ ဂျင်းရေညှစ်ထည့်ပါ။ ငရုပ်ကောင်းအနည်းငယ်ဖြူး၍ ကြိုက်နှစ်သက်သလို ချက်နိုင်ပါသည်။ (Tin Tin Wai) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)