လားရှိုးမြို့မှ ချောင်းရေများ အနီရောင်အဖြစ် ထူးဆန်းစွာပြောင်းလဲသွားခဲ့ (နိမိတ်တခုလား)

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်း ရေနုတ်ချောင်းထဲတွင် ချောင်းရေများ အနီရောင်အဖြစ် ပြောင်းလဲပြီး စီးဆင်းလာနေကြောင်း စုံစမ်းသိရှိရပါတယ်။ ယမန်နေ့ အောက်တိုဘာ ၂၉ ရက် နေ့လည် ၁၂ ခွဲအချိန်မှ စတင်ပြီး ကောက်ကွေ့ချောင်းမှ စီးဆင်းလာသော ချောင်းရေသည် အနီရောင်အဖြစ် ပြောင်းလဲပြီး စီးဆင်းနေသည်ကို တွေ့ခဲ့ရကြောင်း ရပ်ကွက် ၁၂ အတွင်းရှိ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ချောင်းရေ အနီရောင်အဖြစ် စတင်စီးဆင်းလာရာ ယမန်နေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင် ဖြစ်ပြီး နေ့လည်ပိုင်း ၂ နာရီ ဝန်းကျင်လောက်တွင် ချောင်းရေများ ပြန်ကြည်လာကြောင်း သိရပါတယ်။

ကောက်ကွေ့ချောင်းသည် လားရှိုးမြို့၏ အထက်ပိုင်းတွင်တည်ရှိပြီး တောတောင် သဘာဝမှ စီးဆင်းလာပြီး ရပ်ကွက် ၁၂ ထဲရှိ ရေနုတ်ချောင်းထဲသို့ စီးဝင်လာကြောင်း သိရပါတယ်။

မိုးတွင်းကာလတုန်းကလည်း ကောက်ကွေ့ချောင်းသည် ရေကြီးရေလျှံပြီး ရပ်ကွက် ၁၂ အတွင်းရှိ ရေနုတ်ချောင်းထဲသို့ ရေစီးဝင်လာသဖြင့် ရေအဆမတန်မြင့်တက်လာခဲ့ဖူးကြောင်း သိရပါတယ်။

သွေးရောင်ဖြစ်ပေမယ့် တကယ့် သွေး မဟုတ်ကြောင်း၊ ဓာတုဗေဒဆေးတွေကြောင့် အနီရောင် ပြောင်းလဲသွားတာ ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြပါတယ်။ ချောင်းရေများ အနီရောင်ပြောင်းသွားမှုကြောင့် နိမိတ်မကောင်းဟုဆိုကာ ကြောက်လန့်နေသူများလည်း ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page