မြန်မာပြည်က မြင်ရမယ့် တန်ဆောင်မုန်းလပြည့်နေ့ လကြတ်ခြင်းဖြစ်စဉ်နဲ့ အခြား ထူးခြားဖြစ်စဉ်များ

၂၀၂၂ နိုဝင်ဘာလအတွင်း ထူးခြားမည့်ဖြစ်စဉ်များ။ ၂၀၂၂ နိုဝင်ဘာလအတွင်း အာကာသမှာ ထူးခြားတဲ့ ဖြစ်စဉ်အချို့ ရှိ​နေပါတယ်။ အထူးသဖြင့် တန်​ဆောင်မုန်းလပြည့်​နေ့ (အမှန်) ဖြစ်တဲ့ ​နိုဝင်ဘာလ (၈) ရက်​နေ့ ညဦးပိုင်းမှာ လကြတ်ခြင်းဖြစ်စဉ် ​ပေါ်​ပေါက်မှာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း လထွက်ချိန်မှာ လကို ကြတ်လျက် အ​နေအထားအတိုင်း ​တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ် (မားစ်) ဟာ ​အောက်တိုဘာလ ၃၀ ရက်​နေ့မှာ​တော့ ပြိသရာသီအတွင်းမှာပဲ ​နောက်ပြန် (ဝကြ) သွားခြင်းကို စတင်ပါတယ်။ ၂၀၂၃ ဇန်နဝါရီလ ၁၃ ရက်​နေ့မှ ပြီးဆုံးပါမယ်။ နတ်​တော်လပြည့်ချိန်ခါ (ဒီဇင်ဘာ ၈ ရက်) မှာ ​နေရဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်သို့ ​ရောက်ရှိလာမှာဖြစ်ပြီး လပြည့်လရဲ့ ဖုံးကွယ်ခြင်းကိုလည်း ခံရဦးမှာပါ။

ပြိသရာသီ ကြယ်စုများထဲမှာ လင်းလက်​နေတဲ့ အနီ​ရောင် Aldebaran ကြယ် (​ရောဟိနီ နက္ခတ်) လည်း ရှိ​နေတာမို့ ကောင်းကင်မှာ အနီ​ရောင်ကြယ်ပုံစံ ၂ ခုကို တညလုံး မြင်​တွေ့​နေရမှာပါ။ လဟာ နိုဝင်ဘာ (၁) ရက်​နေ့ည​နေမှာ စ​နေဂြိုဟ် (​စေတန်) အနီးမှာရှိ​နေပြီး နိုဝင်ဘာ (၄) ရက်​နေ့ ည​နေခင်းမှာ​တော့ ကြာသပ​တေးဂြိုဟ် (ဂျူပီတာ) နဲ့ ယှဉ်တွဲပြီး တွေ့မြင်ရမှာပါ။

ထူးခြားစွာ ကြယ်​ကြွေမည့် (ကြယ်မိုးရွာမည့်) နေ့ရက်​တွေက​တော့ နိုဝင်ဘာလ ၁၈ ရက်မှာ ​တွေ့ရမည့် သိဟ်ရာသီ ကြယ်မိုး နှင့် နိုဝင်ဘာလ ၂၁ ရက်​နေ့ မနက်​စော​စောမှာ မြင်​တွေ့ရမည့် α-Monocerotid ကြယ်မိုးရွာခြင်းတို့ပဲ ဖြစ်ပါတယ်။

နေကြတ်ခြင်း၊ လကြတ်ခြင်း၊ ဂြိုဟ်​နောက်ပြန်သွားခြင်းတို့ဟာ လွန်ခဲ့တဲ့ နှစ်သန်း​ပေါင်းများစွာကတည်းက ဖြစ်​ပေါ်​နေကျ သဘာဝ နက္ခတ္တ ဖြစ်စဉ်များသာ ဖြစ်ပါတယ်။ နက္ခတ္တ​ဗေဒင်ပညာရပ်မှာ​တော့ စစ်မက် နဲ့ သဘာဝ​ဘေးအန္တရာယ်များ ပိုမိုကြုံ​တွေ့လာနိုင်တယ်လို့ ဆိုကြပါတယ်။ အနာဂတ်ပညာ​ရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page