မြန်မာပြည်မြောက်ပိုင်းအစွန်ဆုံးက ရေခဲတောင် ရွာလေးမှာ ပေါ်ပေါက်လာမယ့် စာကြည့်တိုက်

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မြန်မာ-တရုတ်နယ်စပ်တွင်ရှိသည့်ရှိန်းခေါင်ကျေးရွာတွင် အကြီးကိုကိုစာကြည့်တိုက်အမှတ် (၁၃) ကို (၂၀၂၃) ခုနှစ်ဆန်းတွင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နေစာရေးဆရာအကြီးကိုကိုက ပြောပါတယ်။

“စာကြည့်တိုက် ၁၃ ဖွင့်ရတဲ့ ရည်ရွယ်ချက်က မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ ရွာလေးက မြန်မာယဉ်ကျေးမှုထက် တဖက်နိုင်ငံယဉ်ကျေးမှုလွှမ်းမိုးနေတယ်။ ငွေကြေးသုံးစွဲမှုမှာ တရုတ်ငွေကြေးသုံးစွဲမှု လွှမ်းမိုးနေတယ်။ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုရင်လည်း တရုတ်ပြည်ဖက်နဲ့နီးပြီး သူ့ယဉ်ကျေးမှုတွေ လွှမ်းမိုးမှာ စိုးရိမ်တဲ့အတွက် မြန်မာစာပေ မြန်မာစကား မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံစံ နောက်ဆုံးမြန်မာ့မျိုးချစ်စိတ်တွေ ရှင်သန်ဖို့ စာကြည့်တိုက်ကို ဖွင့်လှစ်မှာပါ။”ဟု ဆရာအကြီးကိုကိုက ပြောပါတယ်။

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့မှ ၃/၄ ရက်ခန့် လမ်းလျှောက်မှ ရှိန်းခေါင်ရွာသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုရွာတွင် မြန်မာအထက်တန်းကျောင်းတည်ရှိပါတယ်။ တရုတ်ပြည်နှင့် လမ်းပန်းပိုမိုလွယ်ကူပြီး ငွေကြေးသုံးစွဲမှုတွင် တရုတ်ငွေကြေးသုံးစွဲမှု လွှမ်းမိုးပြီး တရုတ်ယဉ်ကျေးမှုပွဲတော်၏ အငွေ့အသက်များပိုမို ရိုက်ခတ်သောဒေသဖြစ်တယ်လို့ သိရပါတယ်။

ဘာသာစကားအနေနှင့် ဒေသခံတိုင်းရင်းသားဘာသာစကားနှင့် တရုတ်ဘာသာစကားကို တွင်တွင်ကျယ်ကျယ်ပြောဆိုကြရာ မြန်မာစကားကို တာဝန်ကျ ဝန်ထမ်းများနှင့် စာသင်ချိန်များတွင်သာ အသုံးများကြောင်းသိရပါတယ်။

“အခါတိုင်းက စာအုပ်နဲ့ အားကစားပစ္စည်းတွေ လှူဖြစ်တယ်။ အားကစားနဲ့ စာပေနီးသွားရင် မူး-စ်ဆေးဆိုတာ အလိုလိုလျော့သွားနိုင်တယ်။ အခုလှူမယ့်နေရာက ရေခဲတောင်ပေါ်က ဆင်းရဲနွမ်းပါးတဲ့ နယ်စပ်ဒေသဖြစ်တဲ့အတွက် အစားအသောက်၊ အင်္ကျီအနွေးထည်၊ စောင်တွေ လှူချင်သူတွေ လှူပေးပါဆိုပြီး အလှူခံထားတာပါ။” ဟု ဆရာအကြီးကိုကိုက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page